ကြက်ကြော်ရနံ့က သင်းပျံ့လွန်းတာမို့ တစ်ခန်းလုံးပင်ပျံ့နှံ့သွားသည်။ စားပြီးသည့်တိုင်အောင် အနံ့ကစွဲနေခဲ့တာမို့ တာဝန်ကျဆရာလည်းဝင်လာရော ချက်ချင်းပဲ သတိပြုမိသွားသည်။
“စာသင်ခန်းထဲလာပီး ဘယ်သူမုန့်စားနေတာလဲ?”

ရင်းချဲယ်က ခေါင်းလေးစောင်းလို့ ကိတ်မုန့်တွေကိုစာအုပ်ပုံနောက် ပို့လိုက်သည်၊ နှုတ်ခမ်းထောင့်တွင်တော့ ခရင်မ်တချို့ ပေကျံနေဆဲ။

“မင်းကိုဆူနေတာမဟုတ်ဘူးရယ်”
ကျန့်ယောင်က လက်တစ်ဖက်ထုတ်လာပြီး နှုတ်ခမ်းထောင့်က ခရင်မ်ကို အမြန်လှမ်းသုတ်ပေးသည်။ အဲ့ဒါကို သူ့နှုတ်ခမ်းထက်သူပြန်တင်ပြီးနောက် လျှာနဲ့လျက်ယူသည်။

ရင်းချဲယ်က အလန့်တကြားနဲ့ ကြည့်တယ်။

ကျန့်ယောင်ကတော့ ဘာမှမဖြစ်သလို အိမ်စာဆက်လုပ်တယ်။

သူနည်းနည်းတော့ အနေရခက်တယ်....ဒါပေမယ့် အရင်တစ်ခေါက် spring tripတုန်းက အကြောင်းတွေးမိပြန်တော့ သည်းခံဖို့ပဲ ရင်းချဲယ်ဆုံးဖြတ်လိုက်တော့တယ်။

ထိမိရုံလေးပါ၊ ရန်ဖြစ်နေစရာမှမလိုပဲ

...

ညနေပိုင်း self-studyနားချိန် Class 1အနောက်တံခါး၌ ကောင်မ‌လေးတချို့ရုံးစိရုံးစိနဲ့ ဆူညံနေလေသည်။ ထိုထဲကတစ်ယောက်က အနောက်တန်းမှာရှိနေတဲ့ ဟန်မုန့်ကိုလှမ်းခေါ်သည်။
“ဌာနခေါင်းဆောင် ငါ့ဟာလေးကူညီပြီးသွားပြီလားဟင်?”

ဟန်မုန့်က သူ့ခုံစောင်းထဲက စာအိတ်တစ်အိတ်ကိုထုတ်ပြီး ထိုနေရာပြန်ရောက်လာတယ်။
“ငါက နင့်ခိုင်းဘက်မဟုတ်ဘူးလို့ ပြောပြီးပြီနော်၊ ကိုယ့်ဟာကိုယ်သွားပေး၊ စိတ်ပျက်စရာကောင်းလိုက်တာ”

ထိုမြင်ကွင်းကို ကျန့်ယောင်က မတော်တဆ လှမ်းမြင်မိတော့ ဝင်ပြောလာသည်။
“လောင်ဟန် ဘာလုပ်နေတာလဲ? ကောင်မ‌လေးတွေက မင်းကိုရည်းစားစာပေးနေကြတာလား?”

သူစကားပြောသံကြားတာနဲ့ပဲ တံခါးအပြင်ကကောင်မလေးတွေက ရှက်သွေးဖြာလို့ “အား!” ဆိုပြီး ထွက်ပြေးသွားကြတော့တယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now