
Offered Hand_____________________________

Unicode

ညတွင်းသန်ခေါင်ယံဝယ် မည်သူမဆို တနေ့တာ ပင်ပန်းမှုတွေအတွက် နှစ်ခြိုက်စွာ အိပ်မောကျနေနိုင်သည်...

သို့ရာတွင် မှောင်မိုက်မိုက် အခန်းငယ်အတွင်းမှ ကောင်လေးဟာတော့ အိပ်မက်ကမ်ဘာထဲမှာ လွန့်လူးလို့ နာကျင်ခြင်း ဆိုသည်အား ဖက်တွယ်ခံစားနေရလေရဲ့....

"မကောင်းဆိုးဝါး!...နင့်ကြောင့် အားလုံးဒုက္ခရောက်ရတာ!...နင့်ကြောင့်...နင့်ကြောင့်ပဲ ငါ့သမီး သေသွားရတာ!...နင်က မကောင်းဆိုးဝါး!!!....''

"အားးးးး!မဟုတ်ဘူးးးးး!''

ချွေးတရွှဲရွှဲနဲ့ နိုးထလာသည့် ကောင်လေးတစ်ယောက်...မျက်ရည်စီးကြောင်းတို့ဟာလဲ ပါးနှစ်ဖက်ထက်မှာ အကျည်းတန်စွာ ​နေရာယူထားရင်း....

"ဟင့်~''

ရုတ်တရက် ထွက်လာသည့် ရှိုက်သံဟာ တိတ်ဆိတ်ခြောက်ကပ်တဲ့ အခန်းငယ်မှာ ပျံ့လွင့်လာသည်...

"အဲ့လိုမဟုတ်ပါဘူး...''

တုန်တုန်ယင်ယင် ထွက်လာသည့် အသံငယ်က နာကျင်မှုတွေ ရောယှက်လို့...ကိုက်ခဲနေတဲ့​ခေါင်းကို လက်ဖြင့်ဖိရင်း ခေါင်းတခါခါ လုပ်နေသူလေးအား သနားသူဟူ၍ မရှိ...

အိပ်မက်ဆိုးတွေမက်လို့ ရေခပ်တိုက်မဲ့သူတောင် မရှိတဲ့ ထိုကောင်လေးက လူတကာ ပစ်ပယ်ထားတဲ့ အပယ်ခံလေးရယ်ပေါ့....

_ Offered

Hand _

"မမ...ကျွန်တော့်ကို ကော်ဖီမဟုတ်ပဲ နွားနို့ပြင်ပေးပါ...''

"ကောင်းပါပြီ သခင်လေး...''

အပြုံးနုနုတို့နဲ့ အိမ်အကူအသစ် မမကြောင့် သူပြုံးမိသည်...ဒီမမတော့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလာနိုင်ပါ၏...

"ဟဲ့...နင်သူ့နားမကပ်နဲ့နော်...''

"ဘာလို့လဲ...သခင်လေးက ချောချောလေး...သဘောလဲ ကောင်းသေးတယ်...ခေါ်တာကိုက မမတဲ့...''

"နင်သူ့အကြောင်း မသိသေးလို့...သူ့နားကိုကပ်တာနဲ့ အဲ့ဒီကပ်တဲ့သူတွေ ဒုက္ခတခုပြီးတခု ရောက်တော့တာပဲ...အဲ့ဒါကြောင့် ငါတို့တောင် မရောဘူး...''

"ငါလဲ လစာကောင်းလို့သာ လာလုပ်ရတာပါဟာ...အဲ့ကောင်လေးနဲ့ မပက်သက်ချင်ဘူးရယ်...''

"ဟင်?...ဒါဆိုသူက တော်တော်ဆိုးတာပဲ...တော်ပြီ..နောက်နေ့ ငါခပ်ကင်းကင်းပဲ ဆက်ဆံတော့မယ်...''

တိုးတိုးတိတ်တိတ် ပြောနေကြသည့် ထိုကောင်မလေးတွေက အကွယ်တနေရာမှာ သူ့ကိုထိုးနှက်တဲ့ စကားတွေကို နားထောင်ရင်း မျက်ရည်ကျနေ​သော ကလေးငယ်လေးကိုတော့ ဥပေက္ခာပြုရင်းပေါ့....

"အင့်~''

ရှိုက်သံလေးနဲ့အတူ လက်ကလေးဖုံးသော အကျႌလက်ရှည်လေးအား ဝတ်ထားသည့် ​ကောင်လေးက သူ၏အကျႌစနှင့် မျက်ရည်စက်လေးတွေကို ဖိသုတ်ပြီး အပြင်မှာ အသင့်စောင့်နေတဲ့ ပြောင်လက်နေသည့် အနက်ရောင်ကားဆီသို့ တရွေ့ရွေ့နဲ့ သွားရှာသည်....

အပြင်မှာ ကျနေတဲ့ မိုးပွားလေးတွေကိုကြည့်ပြီး ကောင်လေးက သက်ပြင်းချသည်...နားကြပ်တဖက်ကို နားမှာတပ်လို့ သီချင်းဖွင့်ပြီးသည့်နောက် ကျောင်းဆိုသည်ကို ခြေချရလေ၏...

"မကောင်းဆိုးဝါးလေး ကျောင်းလာနေပြီ...''

"ရှောင်ကြရှားကြဦးဟ...''

University....လူအများအပြား ရှိနေတဲ့ သူတက်ပါသော Uniအတွင်းမှာ သူလာတိုင်း လူတိုင်းက ထိုသို့ခနဲ့တတ်ကြသည်...မကျေနပ်ပေမဲ့ သူဘာမှ မတတ်နိုင်ခဲ့...

"ဟင်းးး''

စာသင်ခန်းထဲ ရောက်တာနဲ့ နောက်တကြိမ်သော သက်ပြင်းကိုချလို့ သူဟာနောက်ထပ် နားကြပ်တဖက်ကို ကောက်တပ်လိုက်သည်...

နားထောင်နေကျ သီချင်းတွေအား ငြီးငွေ့နေပြီမို့ Yutubeမှာ New Songဆိုပြီး ရှာမိတော့ ထိပ်ဆုံးကတက်လာသည့် သီချင်းလေးတပုဒ်...

ဘာသီချင်းလဲ မသိသော်ငြား ဒီတိုင်းဖွင့်လိုက်မိတော့ နူးညွတ်သည့် သံစဉ်ဟာ သူ့နားထံသို့ ဝဲကျလာသည်...

Introကို နားထောင်ရုံနဲ့ သူ့ရဲ့စိတ်ဝင်စားမှုနှုန်းဟာ ဤသီချင်းအပေါ်မှာ သိပ်ကိုမြင့်တက်လာရရဲ့...

ထို့ကြောင့် သီချင်းနာမည်ကို အလျင်အမြန် ကြည့်လိုက်မိတော့...

"Euphoria....''

Offered Hand_____________________________

ပြန်တွေ့ကြပြီနော်...ကိုယ့်ကို လွမ်းနေရဲ့လား😼...

အနည်းငယ်များ ကွဲလွဲသွားခဲ့ရင် ခွင့်လွှတ်ပါလို့ Bogunieရေ...ဟီး...အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် ခင်​ဗျား​လေးတို့...ယုံတယ်မလား😝...Love you all💜

Offered Hand_____________________________

ကမ္းမဲ့လက္//ကမ်းမဲ့လက်(Completed)Where stories live. Discover now