"ငါလဲ လစာကောင်းလို့သာ လာလုပ်ရတာပါဟာ...အဲ့ကောင်လေးနဲ့ မပက်သက်ချင်ဘူးရယ်...''

"ဟင်?...ဒါဆိုသူက တော်တော်ဆိုးတာပဲ...တော်ပြီ..နောက်နေ့ ငါခပ်ကင်းကင်းပဲ ဆက်ဆံတော့မယ်...''

တိုးတိုးတိတ်တိတ် ပြောနေကြသည့် ထိုကောင်မလေးတွေက အကွယ်တနေရာမှာ သူ့ကိုထိုးနှက်တဲ့ စကားတွေကို နားထောင်ရင်း မျက်ရည်ကျနေ​သော ကလေးငယ်လေးကိုတော့ ဥပေက္ခာပြုရင်းပေါ့....

"အင့်~''

ရှိုက်သံလေးနဲ့အတူ လက်ကလေးဖုံးသော အင်္ကျီလက်ရှည်လေးအား ဝတ်ထားသည့် ​ကောင်လေးက သူ၏အင်္ကျီစနှင့် မျက်ရည်စက်လေးတွေကို ဖိသုတ်ပြီး အပြင်မှာ အသင့်စောင့်နေတဲ့ ပြောင်လက်နေသည့် အနက်ရောင်ကားဆီသို့ တရွေ့ရွေ့နဲ့ သွားရှာသည်....

အပြင်မှာ ကျနေတဲ့ မိုးပွားလေးတွေကိုကြည့်ပြီး ကောင်လေးက သက်ပြင်းချသည်...နားကြပ်တဖက်ကို နားမှာတပ်လို့ သီချင်းဖွင့်ပြီးသည့်နောက် ကျောင်းဆိုသည်ကို ခြေချရလေ၏...

"မကောင်းဆိုးဝါးလေး ကျောင်းလာနေပြီ...''

"ရှောင်ကြရှားကြဦးဟ...''

University....လူအများအပြား ရှိနေတဲ့ သူတက်ပါသော Uniအတွင်းမှာ သူလာတိုင်း လူတိုင်းက ထိုသို့ခနဲ့တတ်ကြသည်...မကျေနပ်ပေမဲ့ သူဘာမှ မတတ်နိုင်ခဲ့...

"ဟင်းးး''

စာသင်ခန်းထဲ ရောက်တာနဲ့ နောက်တကြိမ်သော သက်ပြင်းကိုချလို့ သူဟာနောက်ထပ် နားကြပ်တဖက်ကို ကောက်တပ်လိုက်သည်...

နားထောင်နေကျ သီချင်းတွေအား ငြီးငွေ့နေပြီမို့ Yutubeမှာ New Songဆိုပြီး ရှာမိတော့ ထိပ်ဆုံးကတက်လာသည့် သီချင်းလေးတပုဒ်...

ဘာသီချင်းလဲ မသိသော်ငြား ဒီတိုင်းဖွင့်လိုက်မိတော့ နူးညွတ်သည့် သံစဉ်ဟာ သူ့နားထံသို့ ဝဲကျလာသည်...

Introကို နားထောင်ရုံနဲ့ သူ့ရဲ့စိတ်ဝင်စားမှုနှုန်းဟာ ဤသီချင်းအပေါ်မှာ သိပ်ကိုမြင့်တက်လာရရဲ့...

ထို့ကြောင့် သီချင်းနာမည်ကို အလျင်အမြန် ကြည့်လိုက်မိတော့...

"Euphoria....''

Offered Hand_____________________________

ပြန်တွေ့ကြပြီနော်...ကိုယ့်ကို လွမ်းနေရဲ့လား😼...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Donde viven las historias. Descúbrelo ahora