Chapter 14 - မ​မျှော်လင့်ထား​သော အ​ခြေအ​နေများ

1.7K 384 9
                                    

[Unicode]

ထိုညတွင် ‌ရှောက်ယန်ရှီးသည် မိတ်ဆုံစားပွဲတစ်ခုသွားရန် စီစဥ်ထားသော်လည်း သူ့မျက်နှာအခြေအနေကြောင့် ဒုဥက္ကဌကိုသာ သွားခိုင်းလိုက်ရသည်။

သို့သော် စံပြလုပ်သားဖြစ်သည့် ရှောက်ယန်ရှီးသည် နောက်တစ်နေ့တွင် ကုမ္ပဏီသို့သွားနေဆဲဖြစ်ကာ လျှိုယွီအန်းက လိုက်ပို့ပေးရသည်။

သူ့မျက်နှာအခြေအနေကို မြင်သွားကြသော အတွင်းရေးမှူးဌာနမှ အတွင်းရေးမှူးများမှာ ထိတ်လန့်ကုန်ကြသည်။

"ဘော့စ်က ဘာဖြစ်လာတာလဲ?"

"ကြည့်ရတာ မိန်းမတစ်ယောက်နဲ့ ရန်ဖြစ်ပြီး အကုတ်ခံလိုက်ရတဲ့ပုံမျိုးပဲ"

"နိုးထစမ်းပါ၊ ဘော့စ်က မိန်းမတစ်​ယောက်နဲ့ပြိုင်ပြီးရန်ဖြစ်မယ့်လူစားမျိုးလို့ နင်ကထင်နေတာလား?" 

ရှောက်ယန်ရှီးသည် လျှိုယွီအန်းနှင့်အတူရှိနေသည့်အချိန်၌သာ ရံဖန်ရံခါ လွတ်လွတ်လပ်လပ်နေလေ့ရှိပြီး လူအများ​ရှေ့၌မူ အမြဲ တည်ကြည်လေးနက်စွာ နေလေ့ရှိသည်။

ထို့အပြင် သူ့အဖေကို အနိုင်ပိုင်းပစ်လိုက်သော သူ့နည်းလမ်းများက ရိုးရှင်းသေသပ်ပြီး သူ့အဖေ၏လက်ပါးစေများကိုလည်း ပြတ်ပြတ်သားသား ရှင်းထုတ်ပစ်ကာ ကုမ္ပဏီ၏လုပ်ပိုင်ခွင့်များကို သူ့လက်ထဲ၌ ခိုင်မြဲစွာဆုပ်ကိုင်နိုင်ခဲ့သည့်အပြင် ၂နှစ်အတွင်း ကုမ္ပဏီကို ကြီးကျယ်အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်လာခဲ့ခြင်းကြောင့် လူတိုင်းက သူ့အား ကြောက်ရွံ့ကြသည်။

"မထင်ပါဘူး" အတွင်းရေးမှူးတစ်ယောက်က ခေါင်းခါပြသည်။

ထို့နောက် သူတို့၏ အထက်လူကြီးက လှမ်းအော်လိုက်သည်ကို သူတို့ကြားလိုက်ရသည်။ "အလုပ်ချိန်မှာ ဘာအကြောင်းတွေ ပြောနေကြတာလဲ?"

ထို့ကြောင့် အားလုံး အသံတိတ်သွားကြလေ၏။

--------------------

ရှောက်ယန်ရှီးအား ကုမ္ပဏီသို့ပို့ပေးပြီးနောက် လျှိုယွီအန်းသည် အဝတ်အစားအချို့ဝယ်ရန် ရှော့ပင်းမောလ်တစ်ခုသို့သွားခဲ့သည်။ မူလအမြောက်စာဇာတ်ကောင်၏ အကြိုက်က သူ့အတွက်တော့ တော်တော်လေးကို ဆိုးရွားလွန်းနေသဖြင့် ထိုအဝတ်အစားများကို သူ မဝတ်နိုင်တော့ပေ။

ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက် ဗီလိန်ကိုငို​အောင်လုပ်ခဲ့တယ် (မြန်မာဘာသာပြန်)Where stories live. Discover now