သူနှင့်ပြောစရာရှိသည်ကို
ပြောပြီးနောက် ပြန်ဖို့ပဲနှုတ်ဆက်ပုံအရတော့
ဒုတိယဇာတ်ဆောင်ကောင်လေးနှင့်
ဘယ်လိုပက်သက်လဲမပြောပြသလို
သူ့ကို မိတ်ဆက်ပေးဖို့စိတ်ကူးရှိပုံမရသည်မို့
ဒါရိုက်တာ လီ အလိုက်တသိပဲ
ပြန်လှည့် လာခဲ့သည်။
သိပ်ပြီး မရင်းနှီးဘူးလား
ငါပဲ အထင်မှားတာလား.. ။

ခပ်မြန်မြန်ပဲထွက်သွားသည့်ဒါရိုက်တာသည်
နှစ်ယောက်သား ပြောနေသည့်စကားများကို တော့
မကြားလိုက်တော့ ။

**Hyung အလုပ်ရှိလို့လာတာလားဟင်**

**ဟင့်အင်း **

**အာ.. ဒါရိုက်တာ ကြီးနဲ့ စကားပြောနေတာတွေ့လို့**

**သြော်... သူက ကြုံလို့ ပါ **

**ဒါဆို ဘာလာလုပ်တာတုန်း **

**မင်းကို ဖုန်းလာပေးတာလေ အရူးလေးရဲ့ ... ဘယ်လိုလုပ်ပြီးတော့များ ကိုယ်နဲ့ မကွာထားရမယ့်ပစ္စည်းကို တွေ့ရာနေရာမှာ ထားခဲ့နေတာလဲPark Jimin**

**ကျွန်တော်ဖုန်းပျောက်သွားပြီထင်နေတာ... hyungအိမ်မှာကျန်ခဲ့တာလား**

**အင်း... Holly ရဲ့ အိပ်ရာ ထဲမှာ တွေ့တာ**

**တော်သေးတာပေါ့ ဟီးဟီး အသစ်ဝယ်ရတော့မယ်ထင်နေတာ **

**နမော်နမဲ့ နဲ့ အရူးလေး**

**Hyungကလည်း မေ့သွားလို့ပါဗျာ ။ ဒါဆို အခု အိမ်ပြန်မှာလား ကျွန်တော့်ကိုလည်း ခေါ်သွားပါ ဒီနေ့ ကျွန်တော်က မရိုက်ရဘူးတဲ့လေ**

**သိတယ် **

**?**

**မင်းဖုန်းက မနက်ထဲက တောက်လျှောက်မြည်နေတာ... နေပါဦး မေးဦးမယ်... ရိုက်ကူးရေးမရှိဘူးဆိုတာကို staffတွေကမဆက်သွယ်ပဲ တခြားတစ်ယောက်ကဘာလို့ပြောတာလဲ ပြီးတော့ မင်းကို တိုက်ရိုက်... မန်နေဂျာ ကို ဘာလို့မဆက်တာလဲ **

**သိဘူးလေ... သူလုပ်တာကျွန်တော်တော်တော်အဆင်မပြေဖြစ်သွားတယ် တမနက်လုံး ဒီကိုအလကားလာမိပြီး ထိုင်နေရတယ် စိတ်တိုလိုက်တာ **

**ပြန်မယ်**

**ဟုတ် ခဏလေး Jae Min hyungကို သွားနှုတ်ဆက်လိုက်ဦးမယ်နော်**

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now