ကောကျစ်ရှုန်းမှာတော့ တစ်လုံးမှနားမလည်နိုင်။
[‘မဟုတ်မှ’? ဘာပြောချင်တာလဲ?]

ကျန့်ယောင် : [ဘာမှမဟုတ်ပါဘူး ရှုန်တိရယ်၊ ငါ့ကိုယုံလိုက် ငါကအဲ့လိုလူစားမျိုးမဟုတ်ပါဘူး]

ကောကျစ်ရှုန်း : [?]

ကျန်းခဲ့ : [ယောင်ကော နောက်ဆုံးတော့ ပေါ်လာပြီ၊ ငါ့ဖုန်းလေးတော့ မက်ဆေ့တွေကြောင့် ပေါက်ထွက်တော့မတတ်ပဲ၊ ဒါတွေအားလုံး မင်းကြောင့်ပဲ၊ ငါ့ဖုန်းလေးအတွက် လျော်ကြေးတော့ ပေးသင့်တယ်မလား?]

ကျန့်ယောင် : [ဒီစာအိတ်နီလေး ယူလိုက်]

ကျန်းခဲ့ : [Wow! ကျေးဇူးပါ ယောင်....F*ckတစ်ပြားတည်း??ဒီလိုသြချလောက်တဲ့ မင်းလိုကျောင်းနတ်ဘုရားက ဒီလောက်တောင် ကပ်စီးကုတ်သလား??]
(T/n : တစ်ပြားလို့ရေးထားတာ၊ သူက တစ်ယွမ်ရဲ့ တစ်ရာပုံပုံတစ်ပုံပါရှင်)

[တစ်ပြားပေးတာကိုက မဆိုးသေးဘူးမှတ်]

အဲ့ဒီတစ်ပြားက နှစ်သစ်ကူးတုန်းက ငါ့ကောင်လေးပေးထားတာလေး၊ ခုလိုမျိုးပြန်ပေးရတာနဲ့တင်ကို အရမ်း‌ကြေကွဲစရာကောင်းနေပြီ

ဖုန်းထဲက ကျန်တဲ့ 199.99ယွမ်လေးကို ကြည့်ရင်း ချက်ချင်းဆိုသလို ကျန့်ယောင်တစ်ယောက် နာကျင်ခံစားသွားရကာ OCD(Obsessive-compulsive disorder)ကထလာရော။

ကျန့်ယောင် : [@ကျန်းခဲ့၊ ငါနောင်တရသွားပြီ၊ ခုနကတစ်ပြားပြန်ပေး]

ကျန်းခဲ့ : [...ဒါကို ပို့စ်တင်ဖို့ screenshotရိုက်ထားမှကိုဖြစ်မယ်! မင်းဘယ်လိုကောင်လဲဆိုတာ အားလုံး သိသွားအောင် ငါလုပ်ပြမယ်!]

...

ထိုစဥ် ရင်းအိမ်တော်တွင်တော့ ညစာစားနေချိန်။

ဒီတစ်ခေါက်စာမေးပွဲတွင် ရင်းချဲယ်က အဆင့်ငါးဆယ်လောက် တက်လာတယ်။ သိသိသာသာကြီး တိုးတက်လာခြင်းလို့‌ဆိုမရပေမယ့် ချောင်ဝမ့်ယွင်ကတော့ အပျော်ကြီးပျော်လို့နေပြီး၊ သူ့အားလည်း မုန့်ဖိုး ယွမ်ထောင်ပေါင်းများစွာလည်းလွှဲပေးတယ်။

“သားဘာကြိုက်လဲ မာမားကမသိတော့ မားဝယ်ပေးရင် အကြိုက်မတွေ့မှာစိုးလို့၊ လိုချင်တာမှန်သမျှဝယ်လိုက် မလောက်ရင် မားကိုထပ်ပြော”

Pay Attention To Me [Myanmar Translation]Where stories live. Discover now