Extra 3 - ရင့်ကျက်ခြင်း?

3.1K 709 26
                                    

[Unicode]

တစ်နေ့မှာ 'Not Heading North'ဆိုသောနာမည်နှင့် ဘလော့ဂါတစ်ယောက်သည် Weibo၌ စာတင်လာသည်။

[အခုတလော လူတော်တော်များများက ငါ့ကို မက်ဆေ့တွေပို့ကြတယ်။ နန်နန်က အရမ်းရင့်ကျက်တည်ငြိမ်ပြီး လုံးဝဒီလောက်ငယ်မယ့်ပုံမပေါ်တာကြောင့် နန်နန်ရဲ့အသက်ကို ငါကလုပ်ကြံပြောနေတာလားဆိုပြီး မေးနေကြတယ်။ ငါ အခု ဒီကိစ္စကို စောဒကတက်ချင်လို့ လာခဲ့တာ]

ဒီဘလော့ကာက တော်တော်လေး နာမည်ကြီးသည့် ဘလော့ဂါတစ်ယောက်ဟု ပြောလို့ရသည်။ ဘာကြောင့်လဲဆိုတော့ တစ်အချက် - သူက ဂီတအသိုင်းအဝိုင်းထဲက နာမည်ကြီးဂီတပညာရှင်တစ်ယောက်ဖြစ်ပြီး နောက်တစ်ချက်ကတော့ တက္ကသိုလ်တုန်းက သူ့၌ နတ်သမီးပုံပြင်ဆန်ဆန် အချစ်ဇာတ်လမ်းလေးရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

[ငါမပြောရင် မင်းတို့ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ရှဲ့နတ်ဘုရားက အိမ်မှာဘယ်လိုမျိုးလဲဆိုတာကို မင်းတို့အားလုံး သိမှာမဟုတ်ဘူး။ သူကအမြဲတမ်းအိပ်ရာထဲမှာပဲနေပြီး မနက်စာစားရတာလည်း မကြိုက်ဘူး။ အမြဲတမ်းအိပ်ရာထဲမှာပဲနေပြီး မနက်စာစားရတာလည်း မကြိုက်ဘူး။ ငါဘာလို့နှစ်ခေါက်တောင် ပြောနေတာလဲဆိုပြီး မင်းတို့သိချင်နေတယ်မလား? ငါပြောပြမယ်၊ စနေ တနင်္ဂနွေနေ့တိုင်း သူအလုပ်မသွားရဘူး။ ဒါကြောင့် မနက်ဆို ၁၀နာရီထိုးတဲ့အထိ သူအိပ်တယ်။ ငါသူ့ကိုနိုးရင် သူမထချင်ဘူးလို့ ပြောတယ်။ ပြီးတော့ ငါကဘာလို့မထချင်တာလဲမေးတော့ မနက်စာမစားချင်လို့ဆိုပြီးဖြေတယ်။

အဲ့အချိန်တုန်းက ငါ့အမူအရာကလေ "..."

ငါထပ်မေးတယ်။ "မင်းဘာလို့မနက်စာမစားချင်ရတာလဲ?"

လောင်ရှဲ့က ယုတ္တိရှိရှိ ပြန်ဖြေတယ်။ "ဘာလို့လဲဆိုတော့ ငါအိပ်ရာမထချင်လို့"

ဟယ်ကျိဟွိုင်း "..."

တခြားရွေးချယ်စရာမရှိတော့ဘူးလေ။ ငါကိုယ်တိုင်ရှာထားတဲ့ ရည်းစားကို ငါပဲချော့ရတော့တာပေါ့။

ဒါကြောင့် ငါသူ့ကိုချော့ပြီး သူ့အကြိုက် ဖက်ထုပ်စွပ်ပြုတ်လုပ်ပေးထားတယ်လို့ ပြောလိုက်တယ်။ ဒီကလေးက လှုပ်လှုပ်ရွရွဖြစ်သွားပြီး ငါထင်လိုက်တာ သူထလာတော့မယ်ပေါ့။ သူအိပ်ရာထဖို့ကို ငါကူညီပေးမလို့ လုပ်နေတုန်းမှာ သူကတစ်ဖက်လှည့်ပြီး ပြန်အိပ်သွားတယ်လေ။

သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now