အခန်း(၈) - ဟယ်ကျိဟွိုင်းက မြောက်ဘက်ကိုမသွားဘူး၊ တောင်ဘက်ကိုပဲ။

3.7K 758 23
                                    

[Unicode]

ဇာတ်လမ်းကို နားထောင်ပြီးသွားပြီးနောက် မိန်းမပျိုလေးက ညည်းညူလိုက်သည်။ 

"တကယ်တော့ ဒီနေ့ အစ်မတို့ အင်တာဗျူးခဲ့တာ မင်းတို့အတွဲပဲမဟုတ်ဘူး။ စုံတွဲတွေတော်တော်များများက လုံခြုံမှုမရှိဘူးလို့ ခံစားရတာကြောင့် သဝန်တိုကြတာလို့ အစ်မတို့ သတိထားမိတယ်။ ဒါ့ကြောင့် တစ်ခါတစ်လေမှာ နဂိုက ဂရုစိုက်မှု ဆိုတဲ့အဓိပ္ပါယ်ကနေ သဝန်တိုမှုအဖြစ်ကို ပြောင်းသွားတတ်ကြပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာကြတာပဲ။ မောင်လေးရော ဒီလိုမျိုး သဝန်တိုတဲ့အပြုအမူကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖူးလား?"

"ဘယ်လိုပြောရမလဲ...." မေးခွန်းကြားပြီးနောက် ရှဲ့ကျစ်နန် ခဏမျှစဥ်းစားလိုက်သည်။ "ကျွန်တော့်ရဲ့ သူငယ်ချင်းလေးက သဝန်တိုရတာကြိုက်တယ်ဆိုပေမယ့်လည်း သူ့ကိုယ်သူ ဘယ်လိုထိန်းရမလဲဆိုတာကို သိပါတယ်"

ပြောနေရင်းနှင့် ရှဲ့ကျစ်နန်သည် တစ်ခုခုကိုမှတ်မိသွားပုံရကာ ဖွဖွလေးပြုံးလိုက်သည်။ "ပြီးတော့ သူ့ရဲ့ 'ချစ်သူဖြစ်ရခြင်းရဲ့ အကြီးမားဆုံးသော အကျိုးကျေးဇူးက နောက်ဆုံးမှာ ငါပွင့်ပွင့်လင်းလင်း သဝန်တိုခွင့်ရှိသွားခြင်းပဲ' ဆိုတဲ့ ဆောင်ပုဒ်အပြင် နောက်ထပ်ဂန္တဝင်ဆန်တဲ့ ဆောင်ပုဒ်တစ်ခု ရှိသေးတယ်။ အဲ့ဒါက 'အရေးမပါတဲ့လူတွေကြောင့် ငါမင်းကိုစိတ်မဆိုးချင်ဘူး' တဲ့"

အဆုံး၌ ရှဲ့ကျစ်နန်က ထပ်ပြောလိုက်သည်။ "သူက စဥ်းစားချင့်ချိန်တတ်ပြီး ကျွန်တော်ကလည်း သူစိတ်ပူရအောင်မလုပ်ဖူးတာကြောင့် ဖြစ်နိုင်ပါတယ်"

ဥပမာ - မရှင်းမလင်းအဓိပ္ပါယ်မျိုးဖြင့် ပေးလာသော လက်ဆောင်များကို သူလက်မခံဖြစ်တော့သလို သူကိုလိုက်နေတဲ့လူတွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း လက်မခံဖြစ်တော့ဘူး။ သူ့သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကိုလည်း သင့်တော်တဲ့အကွာအဝေး အနေအထားမျိုးမှာပဲ ပေါင်းသင်းသည်။ ဟယ်ကျိဟွိုင်းကို ပြောပြဖို့လိုသည့် ခရီးမျိုးသွားစရာရှိခဲ့လျှင် သူပြောပြသည်။ ဟယ်ကျိဟွိုင်းနှင့် ညစာစားမည်ဆိုလျှင် ဟယ်ကျိဟွိုင်း တစ်ယောက်တည်းနှင့်သာ ညစာစားသည်။ တခြားဘယ်သူနှင့်မျှ ပရောပရည်လုပ်ကာ မျှော်လင့်ချက်ဖြစ်စေသည်မျိုး မလုပ်တော့ပေ။

သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now