အခန်း(၂) - ငါ့အစ်ကိုကို ဘယ်လိုမြင်လဲ။

4.5K 840 6
                                    

[Unicode]

ထိုညနေ၌ ရှဲ့ကျစ်နန်သည် အဆောင်သို့ပြန်လာကာ ရေချိုးပြီးနောက် သူ့ဖုန်းကိုကြည့်လိုက်သည်။ သူတစ်ချက်ကြည့်လိုက်ရာ သူ့၏ Wechatတွင် မက်ဆေ့အစောင်၃၀ကျော်လောက် ရှိနေလေသည်___

သူ့အမေ: [ဒီလအတွက် ပိုက်ဆံလိုသေးလား?]

သူ့အဖေ: [အမျိုးသမီးများနေ့ တောင် နီးလာပြီ။ မင်းအမေနဲ့ ညီမအတွက် ပန်းစည်းအော်ဒါမှာထားဖို့ သတိရဦးနော်။]

ပြီးတော့ ကျောင်းသားသမဂ္ဂကိစ္စတွေလည်း ရှိသေးသည်။

ရှဲ့ကျစ်နန် တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလိုက်သည်။ နောက်ဆုံးမှ သူ၏အကြည့်သည် ရိုးရှင်းသောမိန်းကလေးတစ်ဦး၏ ထင်ရှားသောပုံဆီသို့ ကျရောက်သွားသည်။

'X' ဟူသော နာမည်စာလုံးသည် 'Not Heading North'ဟု ပြောင်းသွားပြီးနောက် မက်ဆေ့သုံးခု ဆက်တိုက်ဝင်လာသည်။

[ဟယ်လို၊ ရှောင်ကောကော!]

[တွေ့ရတာဝမ်းသာပါတယ်!]

[ငါက ခုနကတုန်းက မိန်းကလေးဟယ်ရှီး ပါ]

ရှဲ့ကျစ်နန်သည် နာမည်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ့ဆံပင်ကို ပုဝါဖြင့်သုတ်လိုက်ပြီး ‌ဖြည်းဖြည်းချင်း စာပြန်လိုက်သည်။ 

[ရှဲ့ကျစ်နန် ပါ]

တစ်စက္ကန့်အတွင်း တစ်ဖက်လူက နောက်မက်ဆေ့တစ်ခု ပို့လာသည်။ 

[လှလိုက်တဲ့နာမည်လေးပဲ!]

ရှဲ့ကျစ်နန်သည် ဤချီးကျူးမှုကို ဘာပြန်ပြောရမှန်း မသိတော့သောကြောင့် ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။ 

[ကျေးဇူးတင်ပါတယ်]

တစ်ဖက်လူက ရှက်သွားသောအမူအရာပုံ ပို့လာသည်။

[ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ငါဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး။ အဲ့ဒါက တော်တော်ခက်တဲ့မေးခွန်းပဲ။ ငါအဲ့ဒါကို လုံးဝမသိဘူး။]

ရှဲ့ကျစ်နန်သည် မက်ဆေ့ကိုဖတ်ပြီး ရယ်လိုက်မိသော်လည်း တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူ မခန့်မှန်းနိုင်သေးပေ။

သဝန်တိုတတ်တဲ့ ချစ်သူရှိရတာ ဘာနဲ့တူသလဲ? [Completed]Where stories live. Discover now