💚25❤

3K 245 14
                                    


#Zawgyi
.
.
.
.
ဆောင်းရာသီရဲ့မနက်ခင်းတစ်ခု

သဘာဝက သူ့တာဝန်ကိုကျေပွန်စွာ
ထမ်းဆောင်ရင်း
အေးချမ်းစရာနယ်မြေတွေကို အလှပဆုံး
ပုံဖော်ပေးလို့နေတယ်။

မအေးချမ်းတဲ့နေရာတစ်ခုကတော့
တစ်နေရာထဲကွက်ကွင်းလို့..

ခြုံစောင်ကြီးထဲ ယုန်ပုစိလေးတစ်ကောင်
ဖျော့တော့စွာ
ခိုဝင်လျှက် ကုတင်ကြီးထက်
မှိန်းလို့နေတယ်..

ဖြူရော်နေတဲ့နှုတ်ခမ်းပါးလေးက
သွေးရောင်တို့ကင်းမဲ့စွာ
ဆောင်းဒဏ်ကြောင့်လား...ဘာလားတော့မသိ..

ဘာကျွေးကျွေး ပြန်ပြန်အန်ထွက်နေတဲ့
ခလေးလေးကြောင့်
ကုတင်ခြေရင်းမှာ ထိုင်နေတဲ့ ကြီးယွမ်လည်း
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ...

"စားချင်တာမရှိဘူးလား..အားကျန့်..
ကြီးယွမ် လုပ်ကျွေးမယ်လေ"

"အနံ့တောင်ခံလို့မရတာ.."

ဖျော့တော့နေတဲ့လေသံလေးက
အားအင်တို့ဆုပ်ယုတ်စွာ..

"ကြီးယွမ်..လုပ်စရာရှိတာလုပ်လေ..
ကျန့်ကျန့်..အဆင်ပြေပါတယ်..."

"ဟင်းးး..လိုတာရှိရင်..ကြီးယွမ်ကိုခေါ်လိုက်နော်..
နေ့လည်ကျရင် ရိပေါ်လေးလည်းပြန်လာမှာ...
အရေးကြီးအစည်းအဝေးတစ်ခုရှိလို့သာ
မဖြစ်မနေ သွားရတာတဲ့.."

"ကျန့်ကျန့်..နားလည်ပါပီ.."

"ဆေးရုံသွားပြပါလား.အားကျန့်..
ကြီးယွမ်စိတ်ထဲထင့်နေလို့"

"ဟင့်အင်း..ဟင့်အင်း..
ဆေးရုံကြောက်တယ်..ဘာမှမဖြစ်ပါဘူး..
ဒီတိုင်း..အစာမကြေတာပါ..ဟီး.."

"၃ရက်ဆက်တိုက်ကြီးများတောင်အစာမကြေ
တာတော့ဖြစ်နိုင်ပါ့မလားကလေးရယ်..."

"တစ်ခြား ဘာရှိသေးလို့လည်း.."

သက်ပြင်းသာအကြိမ်ကြိမ်ချလို့ ကြီးယွမ်လည်း
စိတ်မောမိတယ်..အားကျန့်ဖြစ်နေတာတွေက
ကိုယ်ဝန်သည်တစ်ယောက်ရဲ့ လက်ဏ္ခာ
တွေလို့ပြောရအောင်လည်း သူက
မိန်းခလေးမှမဟုတ်ပဲ..

"အားရှင်းရော..ကြီးယွမ်.."

"ကျောင်းလေ.."

❤( M I N E )❤Complete Unde poveștirile trăiesc. Descoperă acum