💚 4 ❤

6.8K 432 7
                                    

   ေအးချမ်းတဲ့ဆောင်းအကုန်
နွေဦးရဲ့အစမှာ ငြင်သာစွာတိုးဝှေ့လာတဲ့ လေ​ေပြညှင်းလေးကြောင့် ကြွေကြနေတဲ့ ရွှက်ဝါတို့က လမ်းမထက်မှာ ပန်းချီကားဆန်ဆန် လှပလို့နေတယ်

  ကျောင်းပိတ်ရက်မို့ သွားရမဲ့အချိန်ပိုင်းကို အရင်ထက်ပိုစောစောသွားဖြစ်တယ်။ ရုပ်ချောသလောက်
ကံဇာတာက ဆိုးဝါးလွန်းတဲ့ Unlucky boy လေးတစ်ယောက်ကတော့ မိသားစုအတွက်သာရှေးရှုပြီး ကံတရားကို လက်ခလယ်ထောင်ပြထားတယ်။

  တစ်ချို့ကပြောတယ် မင်းကကံဆိုးစေတယ်တဲ့ တစ်ချို့ကျပြန်တော့လည်း မင်းကကံမကောင်းတဲ့အဆောင်ဘဲတဲ့

တဆိတ်လောက် ကိုယ့်ဝမ်းကိုယ်ရှာပီး ကိုယ့်မိသားစုကိုထောက်ပံ့နေတဲ့ ကျွန်တော်က ဘယ်သူ့ကို အားကိုးအားထားပြုနေလို့ ဒီလိုပြောနေကြလည်း နားမလည်နိုင်ဘူး။အဲ့တော့လည်း ဘာအရေးလည်း စောက်ဂရုမစိုက်ရုံပေါ့။

  မိသားစုဆိုလို့အများကြီးရယ်တော့မဟုတ်ပါဘူး
ညီမလေးရယ် အမေရယ်ပါဘဲ။ ပါးက ကျွန်တော် အထက်တန်းအောင်တဲ့နှစ်မှာဘဲဆုံးသွားပီလေ။ မဆီမဆိုင် ကိုယ့်ထမင်းကိုယ်စားပီးသူများစောက်တင်းတုတ်ချင်ကြတဲ့ ပတ်ဝန်းကျင်ကလည်း ကျွန်တော့အာရုံထဲ နေရာယူချင်ကြပြန်သေးတယ် ပါးပါးဆုံးတာ ကံဆိုးတဲ့ ကျွန်တော့ကြောင့်တဲ့လေ။

  နယ်မြို့ကနေထွက်လာပီး university တက်ရင်း အချိန်ပိုင်းလေးတွေလုပ်ဖြစ်တယ် ငွေစုတယ် အိမ်ကိုပို့တယ်။ တစ်ခါတစ်လေများ သုံးဖို့မရှိရင်ဖြင့် စားဖို့မရှိရင်ဖြင့် ရေသောက်ဗိုက်မှောက်ပေါ့။ ကျွန်တော့ထက် နယ်ကမားနဲ့ညီမလေးကပိုအရေးကြီးတယ်လေ။

   ကံတရားဆိုသည်မှာလည်းလေ ရေနစ်သူဝါးကူထိုးဆိုသလိုဘဲ လှောင်ခံနေရတဲ့ သူကိုပဲ လက်ညိုးတထိုးထိုးနဲ့ ဟားတိုက်ရယ်ခံအောင် ဖန်တီးပေးတတ်ပြန်တယ်။

     လေးလံနေတဲ့စိတ်အစုံကို မျက်ကွယ်ပြုရင်း လက်ထဲက ဖုန်းကိုသာကျစ်ကျစ်ပါအောင် လွတ်ထွက်မတတ် ဆုပ်ကိုင်ထားရင်းက ဝင်လာတဲ့ ph call
လေးကို ကိုင်လိုက်မိတယ်။ ဝမ်းနည်းလွန်းကြီးစွာငိုကြွေးရင်း ဗလုံးဗထွေးနဲ့ မပီမသပြောနေတဲ့ ရှင်းအာရဲ့စကားသံတွေက စူးစူးစိုက်စိုက်နားထောင်နေတဲ့ ကျွန်တော့်အတွက်တော့ ရှင်းလင်းစွာကြားနေရတယ်။
ဒါပေမဲ့ ကျွန်တော့ကို တစ်ယောက်ယောက်က နားရင်အုပ်လိုက်သလိုမျိုး အူထွက်သွားပီး ဘာကိုမှ မကြားနိုင်​တော့ဘူး
မဟုတ်ဘူး မကြားချင်တော့တာ။

❤( M I N E )❤Complete Where stories live. Discover now