💚30❤

2.9K 233 24
                                    


.#Zawgyi
.
.
.
5 years later

တရွှေ့ရွှေ့နဲ့ တလီလီ ပြောင်းရွှေ့နေတဲ့
ရာသီတွေရယ်ကြား မပြောင်းလဲနိုင်တာ
ကောင်လေးတစ်ယောက်၏နှလုံးသား။

စိတ်မပါတဲ့အခါ ချန်ရစ်သူအငွေ့
အသက်တွေလွှမ်းနေသည့် အခန်းငယ်
လေးထဲတွင်သာ ခိုလှုံလို့ နေ့ညကုန်ဆုံး၏။

တစ်ရက်မျှပင် မေ့မရနိုင်သည့်
နှလုံးသားထဲက ကောင်ငယ်လေးကို
တမ်းတမ်းတတနဲ့ပင် ရှာလိုက်ဖွေလိုက်ဖြင့်
သူ့ဘဝလည်း အလင်းထဲမထွက်နိုင်တဲ့
အမှောင်လောကသားတစ်ယောက်ပင်
ဖြစ်နေချေပီ။

ကုန်ဆုံးခဲ့သည့် ၅နှစ်လုံးလုံး တစ်စုံ
တစ်ယောက်ဝင်ထွက်သည့်အခန်း
တစ်ခါးဖွင့်ပိတ်ချိန်မှလွဲ အခန်းပြတင်းပင်
မဖွင့်သည့် အကြောင်းတရားကား ချစ်ရသူ၏
အငွေ့အသက်လေး ပယ်ပျောက်သွားမှာ
ဆိုးလွန်း၍သာ။

ဘယ်ဆီဘယ်ဝယ်ရောက်နေပီး
ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံနေရပီး
ဘယ်လိုများနေထိုင်နေရပါသနည်းဟု
တွေးလိုက်တိုင်း နေ့ည အိပ်မပျော်စားမဝင်
ခြင်းနှင့် နောင်တ တရားတို့က
အမြဲလက်ပိုက်ကာဆီးကြိုတယ်။

(နည်းတောင်နည်းသေးတယ်ဟု..)

အရောင်ပျယ်ချင်နေသည်ခန်းစီး
လိုက်ကာတွေနှင့် ကုတင်ထက်မှ
အိပ်ယာခင်းတွေက လွန်ခဲ့သည့်၅နှစ်က
အတိုင်း သူလွမ်းတဲ့အချိန်တိုင်း သူအိမ်မှာ
ရှိဖြစ်တဲ့အချိန်တိုင်း သူတစ်ယောက်သာ
အခန်းရဲ့အငွေ့အသက်လေးကိုရှုရှိုက်လို့
လွမ်းဆွတ်မှုတွေကို ဖြေသိမ့်ရာ။

ကျန်သည့်အချိန်များကတော့
တစ်ခြားသူမပြောလေနှင့် ပိုးတစ်ကောင်
မျှပင်အဝင်မခံနိုင်ပါ။

*Ti ..Ti ..Ti.. Ti..*

ဘေးမှာချထားတဲ့ဖုန်းမြည်သံကြားမှ
အတွေးနဲ့အတူ မှိတ်ချထားတဲ့သူ့မျက်ဝန်းတွေ
လေးပင်စွာဖွင့်ရင်း ကုတင်ထက်မှထကာ
ဖုန်းကိုတစ်ချက်ကြည့်လို့ ကောက်ကိုင်လိုက်တယ်။

တစ်ခြားသူမဟုတ် ဟောက်ရွှမ်းပင်..

"အင်း..ပြော..ခနလေးတောင်ငါ့ကို
အနားမပေးချင်ဘူးလား"

❤( M I N E )❤Complete Onde histórias criam vida. Descubra agora