❤16💚🚫

5K 302 11
                                    

တရွှေ့ရွှေ့ မောင်းနှင်နေတဲ့ကားလေးက
တောလမ်းလေးကိုကျောခိုင်းက မြို့ထဲသို့
ဦးတည်လျှက်

ကားထဲကကောင်လေးတစ်ယောက်ဟာလည်း
အသွားတုန်းကနဲ့မတူ ချစ်စရာမျက်နှာထက်မှာ
အပြုံးပန်းတို့ဝေဆာကာ ပျော်ရွှင်နေတယ်

ရှောင်ကျန့် အခု သူအရမ်းပျော်ရွှင်နေသလိုဘဲ။

ရိပေါ်ကသူ့ကို ချစ်တယ်တဲ့....ယုံပေးတဲ့

ဟိုမိန်းခလေးကရောဘာလည်းလို့မေးတော့
သူနဲ့ဘာမှမဆိုင်ဘူးတဲ့ ငယ်သူငယ်ချင်းတွေမို့
အပေါင်းအသင်းဆက်ဆံရေးပါတဲ့....

ရိပေါ်နဲ့တွေ့တာ အခုမှ ၂ပတ်လောက်ပဲ
ရှိသေးပေမဲ့
အနေနီးရင် သွေးစည်းတယ်
ဆိုတဲ့စကားအတိုင်း
ကျွန်တော်ချစ်မိသွားခဲ့တယ်။

အမြင့်က ပန်းကလေးတပွင့်ကို
သဘောကျစွာလက်လှမ်းမိပေမဲ့ မမှီတဲ့ပန်းမို့
မမျှော်လင့်ရဲခဲ့ဘူး

ဘယ်သူသိမှာလည်း အဲ့ပန်းလေးက
လှမ်းနေတဲ့ ကျွန်တော့ရဲ့ လက်ဖဝါးနုနုလေးထဲကို သူ့သဘောနဲ့သူ ခုန်ဆင်းလာလိမ့်မယ်လို့။

အခုတော့ကျွန်တော့မျက်လုံးထဲမှာ
အရာအားလုံးက လှပနေသလိုဘဲ

ကားမှန်ချထားလို့ ဝင်ရောင်လာတဲ့
လေထုအေးအေးလေးကိုလည်းသဘောကျတယ်

နွေရာသီရဲ့ ကြွေကျနေတဲ့ ရွှက်ဝါလေးတွေ
ကလည်း ကားလမ်းမပေါ်တလွင့်လွင့်နဲ့..
ဒါလည်းသဘောကျတယ်...

ညနေနေဝင်ချိန်ဖြစ်တာမို့ အိပ်တန်းတက်မဲ့
ငှက်ငယ်တို့နဲ့ ပုန်းကွယ်တော့မယ်
ဆည်းဆာနေမင်းကြီးတို့ကိုလည်းသဘောကျတယ်။

ပြီးတော့.....

ကျွန်တော့ဘေးက သူ့ကိုလည်းသဘောကျတယ်..

ကျွန်တော့ရဲ့လက်ဖဝါးလေးတစ်ဖက်ကိုကိုင်ပြီး
နှာခေါင်းနဲ့မွှေးကြူလိုက် ပါးမှာကပ်လိုက်
လုပ်နေရင်း ကားမောင်းနေတဲ့ သူ့ပုံစံလေးက
အရမ်းစွဲဆောင်မှုရှိတယ်

ှကောင်းသောတွေ့ဆုံမှုနဲ့မပတ်သတ်ခဲ့ကြပေမဲ့
တွေ့ဆုံပြီးမှ ကောင်းမွန်တဲ့ ဘဝလေးတွေကို
ပိုင်ဆိုင်ရမယ်ဆိုရင်လည်း ရှောင်ကျန့်
မမှုတော့ပါဘူးလေ...

❤( M I N E )❤Complete Where stories live. Discover now