💚17❤

4K 313 5
                                    

ဘွန်းး! ဝူးး! ဝူးး !ကျွီ!

ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ဆိုင်ကယ်သံက အိမ်တော်တစ်ခုလုံးကိုလွှမ်းခြုံသွားရင်း ပေါ်တီရှေ့မှာရပ်ကာ တိတ်ဆိတ်သွားသည်မို့ မီးဖိုခန်းထဲအလုပ်ရှုပ်နေသည့်ရှောင်ကျန့် လက်ဆေးရင်းထွက်လာလိုက်တယ်၊

All black skin နဲ့ ဆိုင်ကယ်ပေါ်က စတိုင်ကျကျဆင်းလာတဲ့သူမက အထုတ်ကြီးတစ်ထုတ်ဆွဲလို့ ရှိသမျှသွားဖြဲပြကာ နှုတ်ဆက်စကားဆိုတယ်..

"Hi..ယုန်ပေါက်လေး ဝါးး ..
အေပရွှန်လေးနဲ့ ချစ်ဖို့ကောင်းချက်"

"ဘယ်သူ??"

ဖြဲနေတဲ့သွားတွေပြန်ပိတ်သွားအောင်ကို ပြောလိုက်နိုင်တဲ့ ယုန်ပေါက်ရဲ့ နှုတ်ဆက်စကားကြောင့် နာယီ နှာကစ်သွားတယ်

"ယုန်ပေါက် မင်းကလေ
ကျဲကိုတောင်မမှတ်မိတော့ဘူးပေါ့။
ဟိုတစ်နေ့ကမှရိပေါ်နဲ့လာသေးတာကို"

စူပုတ်ပုတ် မျက်နှာလေးနဲ့ ပြောလာတဲ့ သူမကြောင့် ရှောင်ကျန့် မျက်လုံးကလယ်ကလယ်နဲ့ စဉ်းစားခန်းဝင်ရတယ်

"ဪ...အဲ..ရိပေါ်ထမင်းခေါ်ကျွေးတဲ့မိန်းခလေး..
ဘယ်လိုလုပ်မလည်းဗျ..
ရိပေါ်မရှိဘူးရယ်.."

"ကျဲက ရိပေါ်ဆီလာတာမဟုတ်ပါဘူးနော်
ကျန့်ကျန့်ဆီလာတာ"

ပြောရင်းအထုတ်တွေဘေးချကာ ဖက်တွယ်လာတဲ့ သူမကြောင့် ရှောင်ကျန့်မျက်လုံးပြူးသွားရကာ ကိုယ်ပေါ်က သူမလက်တွေကို ဖယ်ချရင်း

"ဟာ..အဲ့..အဲ့လိုအလုပ်ပါနဲ့ဗျ
သူများမြင်ရင်မကောင်းဘူး။
မဖက်ပါနဲ့..ရိပေါ်သိရင် ဒေါသထွက်မှာဆိုးတယ်"

"အံမယ်ကောင်စုတ်လေး ကျဲကျဲကို
တစ်ကယ်မမှတ်မိဘူးလား။
ဝမ်းနည်းလိုက်တာနော်။
ကျဲကျဲကတော့ ကျန့်လေးကို
ဘယ်တုန်းကမှမမေ့ခဲ့ဘူး။ "

ရှောင်ကျန့်ခေါင်းကုတ်ရတယ်။ ဒီမိန်းခလေးက ဘာလား? ဒါပေမဲ့သူ ဒီမိန်းခလေးကို ရင်းနှီးနေသလို ခံစားရတယ်။ ဒီမိန်းခလေးရဲ့မျက်နှာက အရက်ရက်အလလက တွေ့ခဲ့ဖူးတဲ့ သူတစ်ယောက်လိုမျိုး

"ကျွန်တော့ကိုသိလို့လား"

ဧည့်ခန်းဆိုဖာမှာဝင်ထိုင်လိုက်တဲ့သူမက
ပါလာတဲ့အထုတ်ထဲက
အနီရောင်မာဖလာလေးကို ဆွဲထုတ်ကာ
ဘေးမှာရပ်နေတဲ့ ရှောင်ကျန့်ထံ ကမ်းပေးရင်း

❤( M I N E )❤Complete Where stories live. Discover now