💚29❤

2.9K 234 16
                                    

.
.#ZawGyi
.
.
.
မှောင်မဲနေတဲ့ လွင်ပြင်ထဲ သူကြားနေတာ
လူတစ်ယောက်ရဲ့ ငိုရှိုက်သံတွေ

တစ်ဆစ်ဆစ်နဲ့ သူ့ဝဲဖက်ရင်အုံလေးက
ထိုအသံလေးကြောင့် နာကျင်လာတယ်

အသံလာရာ ရှာကြည့်ပေမဲ့ ဘေးပတ်ပတ်လယ်
အကာအရံမရှိ ဘာဆိုဘာမှမရှိတဲ့
ကျယ်ပြန့်တဲ့လွင်ပြင်တစ်ခုသာ

ထိုငိုရိုက်သံလေးကို သေချာနားထောင်တော့
အသံလာရာကလည်း သူ့ဝဲဖက် ရင်အုံလေးထဲက..

(ဘယ်ရောက်နေလဲ mine ရာ..တဲ့)

ထိုတမ်းတသံလေးကြောင့် သူ့တစ်ကိုယ်လုံး
အားမရှိတော့သလို တုန်ရင်သွားတယ်။

ခပ်နွေးနွေးအရည်လေးတွေက
မျက်နှာပေါ်ဖျာကျလာတဲ့အခါ
အသံထွက်အောင် အော်ဟစ်ငိုပစ်ချင်လာတယ်

(ဘယ်သူလည်း ဘယ်မှာလည်း
ဘာလို့ ငိုနေတာလည်း)

နာကျင်လာတဲ့ ရင်ဘက်ပေါ်က
အဝတ်စကို ဆွဲဆုတ်လို့ ဒူးထောက်
ငိုကျွေးမိတယ်။

ထို့နောက် မျက်လုံးကို လာထိုးတဲ့
ခပ်စူးစူးအလင်းရောင်ကြောင့် ရှောင်ကျန့်
မျက်လုံးတွေမှိတ်ချလိုက်မိတယ်။

နှာဖျားကနေဝင်လာတဲ့ ခါးသက်တဲ့အနံ့တွေ
ရှောင်ကျန့် နှာခေါင်းရှုံ့လို့ မျက်လုံးဖွင့်လိုက်တယ်။

ဖြူစုပ်စုပ် မျက်နှာကျက်ပေါ်က
မီးလုံးအဖြူရောင်က ခပ်စူးစူး

ဘေးပတ်ပတ်လည်သူလိုက်ကြည့်ပေမဲ့
လူသူတစ်ယောက်မျှပင်ရှိမနေ

ဘယ်ဘက်လက်ထဲထိုးထည့်ထားတဲ့
အပ်နဲ့ပိုက်ကို ရှောင်ကျန့်အားနဲ့ ဆွဲဖြုတ်ပီး
ကုတင်ပေါ်က ဆင်းလိုက်ချိန် တင်းကျပ်တဲ့
ဦးခေါင်းပေါ်က ခံစားမှုကြောင့်
လူကတစ်ချက် ယိုင်သွားပေမဲ့
ကုတင်အားကိုးကြောင့် လဲတော့မသွားခဲ့။

လက်တစ်ဖက်နဲ့သူ့ဦးခေါင်းကို စမ်းမိတော့
တစ်ခုခုနဲ့ အစည်းခံထားရတာ
တင်းတင်း ကျပ်ကျပ်ပဲ။

ကျွီခနဲတံခါးဖွင့်သံနဲ့အတူ
ရှောင်ကျန့်လှုပ်ရှားမှုတွေဟာလည်း
ရပ်တန့်ကာ တံခါးရှိရာ မျက်နှာမူမိတယ်။

❤( M I N E )❤Complete Where stories live. Discover now