💚19❤

3.1K 270 4
                                    

#Zaw

တစ်ဖြူးဖြူးတိုက်ခက်နေတဲ့
လေနုအေးအေးက ၃လွှာဆေးရုံထပ်ရဲ့
အခန်းတစ်ခန်းပြတင်းပေါက်က
လိုက်ကာ ခန်းဆီးစလေးကို တစ်လွင့်လွင့်
လေးဖြစ်အောင် ကျီစယ်နေတယ်။

မျက်နှာထက် တိုးဝင်လာတဲ့ လတ်ဆတ်တဲ့
လေအေးလေးတွေကြောင့် ပြတင်းပေါက်မှာ
ရပ်နေတဲ့သူမ တစ်ကိုယ်လုံး လန်းဆန်းသွားသလိုခံစားလိုက်ရတယ်။

"ရှင်းအာလေး နေ့လည်စာ စားရအောင်လေ"

ကောကောထားပေးခဲ့သော
အိမ်တော်ထိန်းလို့ဆိုတဲ့
ကြီးကြီးယွမ်ရဲ့ သတိပေးစကားသံတို့ကြောင့်
ဝှီးချဲလ်ပေါ် အသာပြန်ထိုင်ချလိုက်တော့
ထမင်းစားပွဲငယ်လေးနားက ထလာတဲ့ကြီးယွမ်က
နောက်ပိုးမှ လက်ကိုင်ကိုင်းလေးကိုကိုင်လို့
စားပွဲဆီရွှေ့ပေးတယ်။

"ကောကောတို့က ဘယ်တော့လာမှာလည်းဟင်"

ထမင်းတလုတ်ပါးစပ်ထဲသွင်းလို့သူမမေးတော့
ကြီးယွမ်က ခပ်ဖွဖွပြုံးလို့ဖြေတယ်။

"ညနေလောက်လာဖြစ်မယ်လို့ထင်တယ်ကွဲ့
ကြီးယွမ်လည်းမသိဘူး မနေ့ညတုန်းက
ရှင်းအာလေးဆီက
ပြန်လာကတည်းက နှစ်ယောက်သား
ထွက်သွားတာ"

"ဘယ်သွားတာလည်း ဟင်"

"ဪ..အဲ့ဒါတော့ ကြီးယွမ်လည်း
ဘယ်သိပါ့မလည်းကွယ်"

ကြီးယွမ်ခွံ့ကျွေးတဲ့ထမင်းကိုစားအပီးမှာတော့
ကုတင်ပေါ်ပြန်မှေးလို့ ကောကောတို့အလာကို
စောင့်နေလိုက်တယ်။

{ အချိန်တွေက ကုန်တာမြန်ပါတယ်

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရင်ပေါ့...}

🌼🌼🌼🌼🌼

အချိန်အခါမရှိ ရွှာချထားတဲ့ မိုးကြောင့်
ပျံ့လွင့်နေတဲ့
မြေသင်းနံလေးက နှာခေါင်းဝမှ
တိုးဝင်လာတာမို့
ရှောင်ကျန့် အသက်အောင့်လို့
တစ်ဝကြီးရှုရှိုက်ပစ်လိုက်တယ်။

တစ်ခါမှမရောက်ဖူးတဲ့ပတ်ဝန်းကျင်
အနေအထားကြောင့် ခပ်စိမ်းစိမ်းဖြစ်နေပေမဲ့
ချစ်ရသူနဲ့မို့ အဆင်ပြေပါတယ်။

ပတ်ပတ်လည်မှာ လယ်ကွင်းတွေသာ
ခြုံလွှမ်းလို့
ခပ်ကြီးကြီး ဂိုထောင်တစ်လုံးက
ထိုလယ်ကွင်းတွေရဲ့ဘေးနား
ထီးထီးမားမားရှိလို့နေတယ်။

❤( M I N E )❤Complete Where stories live. Discover now