Part 20

164 22 13
                                    

Zawgyi

24 နာရီလုံး အလုပ်လုပ်နေတာတောင် တစ်ချက်ပင်ပန်းတယ်လို့မခံစားရတာ ဝါသနာ ကြောင့်ပါ

အလုပ်ကို ချစ်တာမဟုတ်ဘူး ချစ်လို့ ဒီအလုပ်ကို လုပ်ခဲ့တာ

ဆေးကုနေရရင် ကိုယ့်ကြောင့်လူနာသက်သာသွားရင် ပျော်နေတတ်တာမို့ ဒီ အလုပ်ကို စွန့်လွှတ် ပြီး ကိုယ်မင်းနောက် လိုက်ခဲ့ဖို့ဆိုတာ စွန့်စားရာကြမနေဘူးလားငယ်

ကိုယ်ရွေးချယ်ရခက်လိုက်တာငယ်ရယ်.......

******************************

နှစ်ပတ် ပြည့်ပြီ

ချစ်ရသူလက်ကိုဆွဲပြီး ဒီမြေက အေးအေးချမ်းချမ်း ထွက်သွားနိုင်မလား

သူမပါဘဲ တစ်ယောက်တည်း ဒီမြေက
စိတ်ပျက်အားငယ်စွာ ထွက်သွားရမလား

ကျွန်တော့်ကံကြမ္မာက Hyung ပေါ်မူတည်နေပြီ ကျေးဇူး ပြု၍ အရင်တစ်ခါမလုပ်ဘူးမလား Hyung

ဒီတစ်ခါ ဆို ကျွန်တော်ခံနိုင်ရည်မရှိလောက်တော့ဘူး

၉ နာရီ လေယာဉ်လက်မှတ်နှစ်စောင်ဖျက်ထားပေမယ့် စိတ်လှုပ်ရှားစွာ ၇ နာရီတည်းက Huening လေဆိပ်ကိုရောက်နေမိသည်။

အချိန်က တစ်ရွေ့ရွေ့ ကုန်ဆုံးလာပေမယ့် Hyung ရဲ့ အရိပ်အယောင်တောင်မတွေ့ရတာမို့ Huening ဝမ်းနည်းလာသည်။

နောက်ဆုံး လေယာဉ် ပေါ်တက်တော့မယ့်အချိန်တောင် Hyung ရောက်မလာခဲ့

"လိမ်ပြန်ပြီ Chio Soobin"

"လိမ်သွားတာမှ မဟုတ်တာ Hyung မလာရင် ကျွန်တော်သိပြီမို့ပြောခဲ့တာဘဲ ဆိုတော့ ကျွန်တော့် ကို ဒီတစ်ခါလည်း မရွေးချယ်ခဲ့ဘူးပေါ့"

တွေးရင်း အသည်းက တစ်ဆစ်ဆစ်နာသလို မျက်ရည်ပါကျလာသည် အမြဲတမ်း Huening Kai ဆိုတဲ့ ကောင်က အပယ်ခံ အထားခံ လား အထူးသဖြင့် ချစ်ရသူတိုင်းက ထားခြင်းခံရတဲ့ သူ့အတွက် လောကကြီးမှာဆက်နေချင်စိတ်မရှိတော့ သူရှိလည်း ဂရုစိုက် မယ့်သူမှမရှိတာ သူဟာ လောက ကြီးမာ လူပိုသက်သက် သူရှိခြင်း မရှိခြင်းက ဘယ်သူမှနဲ့မသတ်ဆိုင်.....

ခုလောလောဆယ် သူဘာမှ မသိချင် ဘာမှ မတွေးချင်တော့ အမေရိက ရောက်မှ သူ တစ်ခုခု လုပ်ဖို့ စဉ်းစားကာ ကျနေတဲ့ မျက်ရည်ကိုသုတ်ပြီး Kai လေယာဉ် ပေါ်တက်ဖို့ပြင်ဆင်လိုက်တော့သည် ။

မဆုံဖြစ်ခဲ့ ကြရင် (If we don't meet)Where stories live. Discover now