Part 14

139 24 2
                                    

မနက်ဖြန်ဆို လူဆိုးကောင်ရဲ့ မွေးနေ့လေးပေါ့

ဒါပေမယ့် သူ့မွေးနေ့ကို Soobin သိတယ်ဆိုတာ လူဆိုးကောင်ကတော့မသိရှာဘူး

ဘယ်လိုသိတာလဲတော့ မမေးနဲ့
လူဆိုးကောင်က သူ့မွေးနေ့ ကို ဘယ်တော့မှ ထုတ်ပြောမယ့်သူမျိုးမဟုတ်  သူ့ ကျောင်းသားကဒ်ကနေ အမှတ်တမှတ်တွေ့လိုက်တာကို မှတ်ထားလို့သာ သိနေတာ

Huening မွေးနေ့အတွက် လွန်ခဲ့တဲ့ တစ်ပတ်ထဲ က သူလက်ဆောင် စီစဉ်ထားပြီးသား အရုပ်သိပ်ချစ်တဲ့ကောင်လေးအတွက် ပျော့ပျော့အိအိ မိုလန်းပန်းရောင်လေးရယ် ကံကောင်းစေတဲ့ Lucky Tree လေးရယ်ပေါ့

Lucky Tree လေးကနေ ပန်းတွေပွင့်လာရင် ကံကောင်းစေတယ်တဲ့ ပန်းလေးတေပွင့်ဖို့ဆို အချိန်က ၇ နှစ်ကနေ ၁၀ နှစ် အထိ ကြာနိုင်တယ် အပင်လေး က အားလုံး နှစ်ပင် ဝယ်ခဲ့တာ သူ့ အတွက် တစ်ပင် Huening က တစ်ပင်ပေါ့ နောင် ၁၀ နှစ်မှာ အပင်လေးကနေပန်းတွေ ပွင့်တဲ့ အထိ Huening နဲ့ အတူတူ ပြုစုပျိုးထောင်မလို့ Soobin စဉ်းစားထားတယ်
Hyung က အချိန်ကြာကြီး မင်းနဲ့အတူတူ ရှိနေချင်တာ Huening ရေ ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ပေါ့

Soobin သိသည် သူ့ လက်ဆောင် ကို သေချာပေါက် Huening လည်း ကြိုက်မယ်ဆိုတာ ........

****************************

ချစ်လှစွာသော သူငယ်ချင်း နှစ်ယောက် ကောင်းမှုကြောင့် ကလပ်ကို ရောက်လာခဲ့ပီ

Soobin Hyung နဲ့ စာစသင်တည်း က ကလပ်တို့ ဆိုင်ကယ်ပြိုင်ကွင်းတို့ဆိုတာ Huening Kai နဲ့ မသတ်ဆိုင်တာ ကြာလှပေါ့

အခုလည်း ကျွန်တော့်မွေးနေ့ကို သိနေတဲ့ ဂန်ကြီး နဲ့ ဂျိတ် က မွေးနေ့အကြို ပါတီပေးဖို့လှမ်းခေါ်ကြတာမို့ ငြင်းမနေဘဲ ရောက်လာတာသာကြည့်တော့

"မင်းတို့ဘာမှာမာလဲ"

"ငါတို့ ဘီယာလောက်ဘဲ သောက်ပြီး ဆိုင်ကယ် ပြိုင်ကွင်းသွားကြမယ်လေ မသွားရတာဘယ်လောက်ကြာပြီလဲ"

"အေးကောင်းတယ် ငါလည်း မလောင်းရတာကြာပြီ အိတ်လေးကို ဒီထပ် ပိုဖောင်းအောင် လုပ်ဖို့ အချိန်ဘဲ "

Jake က လွမ်းလွမ်းဆွေးဆွေး မျက်နှာထားနဲ့ ပြောတာကို Kang Taehyun က တက်တက်ကြွကြွထောက်ခံလာသည်။

မဆုံဖြစ်ခဲ့ ကြရင် (If we don't meet)Where stories live. Discover now