Part 7

159 36 5
                                    

Zawgyi

သင်ရမယ့် စာတွေပြန်ဖတ်နေရင်းနာရီလက်တံတွေက ၆ နာရီ သို့ရောက်လာတော့

ဟိုအမကဘဲ စာသင်ရမည့်အခန်းကို ပို့ပေးသည်။

အခန်းရှေ့ရောက်တော့ တံခါးခေါက်ပြီး

"အကိုလေး ဆရာလေးရောက်ပြီရှင့်" ဟုဆိုကာ ကျွန်တော့်အားထားခဲ့ ပြီး အောက်ပြန်ဆင်းသွားသည်။

ခဏကြာတော့ အထဲ က လူတစ်ယောက် ကျွန်တော့် အား တံခါးလာဖွင့်ပေးသည်။

ပြာလဲ့လဲ့ မျက်ဝန်း ၊ ကပြား မျက်နှာပေါက်လေး ၊ ဆံပင်အကေါက်ခွေခွေလေးတွေနဲ့ ၊ ကျွန်တော့နီးပါး ရှည်သောအရပ် ၊ အဝါရောင်ဝတ်ထားတဲ့ ချစ်ဖို့ ကောင်းတဲ့ ကြက်ပေါက် လေးတစ်ကောင် ကြောင့် ကျွန်တော်မဝင်ဘဲ ကြောင်တောင်ရပ်နေမိသည်။

" ဘာလုပ်နေတာလဲ ဝင်လေ " စူပုပ်ပုပ်မျက်နှာထားနဲ့ ခပ်ပြတ်ပြတ်အသံကြောင့်

ကျွန်တော်ငေးနေတာရပ်ပြီး ဘာမှမပြောဘဲ ဝင်လာခဲ့သည်။

"ခင်ဗျား က ကျွန်တော့်ကို စာသင်မယ့်သူလား"

ခင်ဗျား တဲ့ အလွန်ဆုံး ရှိ သူ့အကို အရွယ် ကို ဘာလဲ ခင်ဗျားဆိုတာက ရုပ်လေးနဲ့ မလိုက် ယဉ်ကျေးမှုမရှိလိုက်တာ။ ခုနက ချစ်ဖို့ကောင်း တယ်ဆိုတဲ့ အတွေးတောင် ပြန်ရုပ်သိမ်းချင်သွားသည်။

"ဒီမှာ ကျွန်တော်မေးနေတယ်လေ ခင်ဗျား က ကျွန်တော့်ကို စာသင်မယ့်သူလား" လို့

"နေဦး ကောင်လေး ငါ့က မင်းအကိုအရွယ် နော် ခင်ဗျားလို့ ခေါ်တာက ယဉ်ကျေးမှု မရှိဘူးဆို မင်းမသိဘူးလား"

"မသိဘူး ကျွန်တော့်မှာ အကိုမရှိသလို ယဉ်ကျေးအောင် သင်ပေးမယ့်သူလည်းမရှိဘူး"

အပြောရယ် မျက်နှာဘေးရယ် က သည်းခံ တတ်တဲ့ ကျွန်တော်တောင် ထရိုက်ချင်စရာ ကောင်းအောင် တစက်မှမချိုးမပြေ။ သူအမေ့ ပြောတဲ့ အန်တီ့သားက နည်းနည်းဆိုးတယ် ဆိုတာကို ပြန်ကြားယောင်လာတော့ ဆူဘင်း ရေ သည်းခံ ဟ သည်းခံ ဒါအစဘဲ ရှိသေးတယ် ဟု ကိုယ့်ကိုကိုယ် နှစ်သိမ့်ကာ

"မင်းကို စာသင်ပေးမယ့် သူကို အနည်းဆုံး ဆရာမခေါ်ရင်တောင် အကိုလောက်တော့ ခေါ်ရမှာပေါ့ မင်းအသက်ဘယ်လောက်လဲ"

မဆုံဖြစ်ခဲ့ ကြရင် (If we don't meet)Where stories live. Discover now