Part 1

387 39 5
                                    

Zawgyi

ပြတင်းပေါက်ကဖြတ်၍ တိုက်ခတ်လာသော ဆောင်းလေညှင်းရဲ့ အေးမြတဲ့အငွေ့အသက်ကြောင့် ကျွန်တော့်စိတ်တွေ အတိတ် ကို ပြန်ရောက်ခဲ့တော့သည်.........

လွန်ခဲ့သောငါးနှစ်ခန့်က ခပ်ဆိုးဆိုးကောင်လေးတစ်ယောက် အကြောင်းက ကျွန်တော့် အတိတ်ရဲ့ မပါမဖြစ်လေးပေါ့

*******************************
အတိတ်သို့

"ဟျောင့်......ဆူဘင်း ငါမင်းကိုပြောစရာရှိတယ်" ဟုပြောလာသော ဘွန်ဂယူဘက်သို့ ကျွန်တော်လှည့်ကြည့်လိုက်ပြီး

"စာသင်နေတယ်လေကွာ နောက်မှ ပြောလို့မရဘူးလား ဆရာတွေ့သွားရင် ငါတို့ အပြစ်ပေးခံရမှာကွ"

"အေးပါကွာ "

ထို့နောက် သင်နေတဲ့ သင်ခန်းစာကို နှစ်ယောက်သားအာရုံပြန်စိုက်နေလိုက်သည်"

ကလင်....ကလင်......ကလင်

ခေါင်းလောင်းထိုး၍ စာသင်ချိန် ပြီးဆုံးသွားတဲ့ အချိန်မှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် လွယ်အိတ်ကောက်လွယ်ပြီး ကန်တင်းသို့နေ့လည်စာစားရန်ထွက်လာခဲ့တော့သည်။

ကန်တင်းရောက်တော့ အစားအသောက် တွေ မရောက်လာခင် ဘွန်ဂယူက အတန်းချိန်တုန်းက သူပြောခဲ့တဲ့ စကားကိုပြန်စသည်

"ဒီလိုကွာ......ငါအလုပ်တစ်ခုတွေ့ထားလို့ မင်းလုပ်ချင်မလားလို့ မေးမလို့ပါကွာ ဟိုတစ်လောက မင်း  ငွေလိုတယ် အချိန်ပိုင်းအလုပ်လေးတစ်ခုတစ်ခု လုပ်ချင်တယ်လို့ပြောဖူးတော့ အဲ့အလုပ်ကိုတွေ့တွေ့ချင်း ငါမင်းကို တန်းသတိရမိတာ" ဟု လက်ထဲက စာရွက်ကိုထုတ်ပြရင်း ဘွန်ကယူပြောသောအခါ ကျွန်တော့်မျက်လုံးများအရောင်လက်လာသည်။

သူပေးတဲ့စာရွက်လေးမှာရေးထားတာက

***လစာကောင်းကောင်းဖြင့်အချိန်ပိုင်းအလုပ်စိတ်ဝင်စားသူများဆက်သွယ်ရန်ဆိုပြီး ဖုန်းနံပါတ်လေးတစ်ခုသာ ထည့်ထားပေးသည်***

"တကယ်ကြီးလား  ငါအလုပ်အရမ်းလုပ်ချင်နေတာကျောင်းကလည်း ပြီးဖို့လိုသေးတော့ ငါ့ကျောင်းစရိတ်တွေအတွက် ငါ့မိဘတွေ ကို သနားလို့ ငါ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေ ရှာချင်နေခဲ့တာ"

မဆုံဖြစ်ခဲ့ ကြရင် (If we don't meet)Kde žijí příběhy. Začni objevovat