Part 13

140 26 1
                                    

Zawgyi

ပြသနာတွေ အကုန်ပြီးတော့ Soobinလည်း စာပြန်သင်ပေးခဲ့ သလို Huening လည်း ကတိတည်စွာ Soobin စကားကိုနားထောင်ပြီး စာသေချာကြိုးစားသည်။

Huening ပြောင်းလဲလာမှု ကို မာမီတောင် အံ့သြရသည်အထိ တစ်သက်လုံးမာမီတောင် ပြောမနိုင်လို့လွှတ်ထားတဲ့ Huening က Soobin စာလာသင်တဲ့ ၂ လအတွင်း လုံးဝပြောင်းလဲသွားခဲ့သည်။ Soobin ကိုလည်း သံယောဇဉ် တွယ်လာပြီး တစ်ဦးတည်း သော သားတွေဖြစ်ကြတော့ Soobin ရော Huening ရောတစ်ယောက် ကိုတစ်ယောက် အရမ်းခင်တွယ်မိလာတယ်.....

Soobin Hyung ကိုလွမ်းလိုက်တာ

"Hello.......Soobin Hyung"

"ပြော"

"ဘယ်မှာလဲ"

"ကျောင်းမှာပေါ့" "ဘာလို့"

"လွမ်းလို့"

"အပိုတွေပြောမနေနဲ့ညနေလာမယ့်ဟာကို"

"ကျွန်တော်ကျောင်းလာကြိုချင်တယ်"

"လာမကြိုနဲ့ သက်သက်အချိန်ကုန်အောင် ညနေလာမာကို ဘယ်လိုဖြစ်နေတာလဲ"

"အင်း....... Hyung အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်.... ဒါဘဲနော်"

Soobin သိတာပေါ့ ဒီလိုအပြောဆို Huening  သူ့ကိုကောက်နေပြီဆိုတာ Soobin သူနဲ့ စာသင်တဲ့ ၂ လအတွင်းသူ့အကြောင်းသူ့အပြုအမူတွေ ကိုမှတ်စရာမလိုဘဲ အလိုလိုသိခဲ့တယ် စတွေ့တည်းက Huening ပုံစံကြောင့် မကြိုက်ပေမယ့် အခုလိုလိမ္မာလာတဲ့အခါ ညီလေး တစ်ယောက်လို Soobin အရမ်းခင်လာတယ် Huening စိတ်ဆိုး စိတ်ကောက် တိုင်း Soobin မချော့ဘဲ မနေနိုင်  လိုချင်သမျှ ဖြစ်ချင်သမျှကို သူထုတ်ပြောစရာမလိုအောင် Soobin ကိုယ်တိုင်က ဖြည့်ဆည်းပေးချင်မိသည်။

"နေဦး...... ညနေ ၄ နာရီ ကျောင်းရှေ့မှာစောင့်နေ"

"လာကြိုရမှာပေါ့ အဲ့တာဆို"

"အင်း"

"ကျွန်တော်လာကြိုမယ် Hyung
စောင့်နေနော်"

Hyung နဲ့ ဖုန်းပြောပြီး......

ငါ မြန်မြန်  ရေချိုးရမယ် အခုတောင် ၃ နာရီထိုးတော့မယ်

အားလုံးပြီးစီးသွားတော့ Hyung တို့ကျောင်းကိုထွက်လာလိုက်တော့သည်။ စနေတနင်္ဂနွေ ပိတ်ရက်တွေ ကို ကျွန်တော်မုန်းလိုက်တာ Soobin Hyung ကို မတွေ့ရတဲ့ အချိန်တွေ က အရမ်းကြာတာဘဲ ခုလို တနလာင်္နေ့ တွေ နေ့တိုင်း သာဆို ဘယ်လောက်ကောင်းလိုက်မလဲ

မဆုံဖြစ်ခဲ့ ကြရင် (If we don't meet)Where stories live. Discover now