Part 8

147 34 2
                                    

Zawgyi

ဒီ guide ကို ဘယ်လိုနှင်ထုတ်ရမလဲ စဉ်းစားစမ်း HueningKai 🤔

ခဏကြာတော့
အာ......သိပြီ လက်ဖြောက်တစ်ချက်တီးကာ

တယ်တော်တဲ့ ငါပါလား ဒီလိုနေရာမှာ ဆို အရမ်းတော်လွန်းတဲ့ ကိုယ့် ဦးနှောက်ကို ရွှေတောင်ချထားချင်သည်။

လိုချင်တာရသွားသည်မို့ Jackie နဲ့ အတူ
မ်းလျှောက်ရန် သီချင်းမြူးမြူးလေး ဆိုပြီး အောက်ထပ်ကို ခုန်ပေါက်ဆင်းလာတော့ အိမ်အကူတွေက ကျွန်တော့်အား အထူးအဆန်းပုံစံဖြင့် ကြည့်ကာပါးစပ်အဟောင်းသား ဖြစ်နေကြ
သည်။ ဖြစ်ဆို သူတို့ အလုပ်လုပ်လာတဲ့ တစ်လျှောက် ကျွန်တော် တက်ကြွနေတဲ့ ပုံစံမျိုးကိုမြင်မှ မမြင်ဖူးကြတာ ..........
ကျွန်တော်ကိုယ်တိုင်လည်း ပျော်နေသလိုခံစားရသည် ။ ညနေတောင်အမြန်ရောက်ချင်နေပြီ........ဟားဟား.... ဟားဟား

~~~~~~~~~~~~~~~~~~~~~~~

အတန်းပြီးလို့ နေ့လည်စာစား ရန် ကျွန်တော် နဲ့ ဘွန်ကယူ ကန်တင်းသို့ ထွက်လာခဲ့သည်။

ကန်တင်းရောက်တော့

"Soobin မင်းမျက်နှာ က ဘာဖြစ်နေတာလဲ"

"ဘာမှ မဖြစ်ပါဘူး"

"အောင်မာ......ဘယ်သူ့ကို လာလိမ်နေတာလဲ သားပျောက်သွားတဲ့ မျောက်အိုမကြီး ပူဆွေးသောကရောက်နေတဲ့ ရုပ်ဖြစ်နေတာကို ငါက မသိရအောင် "

"အဟွတ်.......အဟွတ်......"

ဘွန်ဂယူ ပေးတဲ့ ဥပမာကြောင့် သောက်လက်စ အအေးတောင်သီးသွားသည်။

"မင်းကြီးတော်မျောက်အိုမလား"

"မသိဘူးလေ မင်းရုပ်က အဲ့ ရုပ်တကယ်ပေါက်နေတာကိုး ဘာတေညစ်နေတာလဲ ငါ့ကိုပြော ငါ့လည်းကူညီလို့ရရင် ကူညီပေးချင်လို့"

ဒီလိုကွာ........ဆိုပြီး

မနေ့က အရိုင်းအစိုင်း နဲ့ ဖြစ်သမျှ အကုန် ဘွန်ကယူ အားပြောပြလိုက်သည်။

"အော်.....ဒါကြောင့် ညစ်နေတာပေါ့
အဲ့တာဆို စိတ်ညစ်မခံနဲ့ အလုပ်ထွက်လိုက် မင်းလည်း ပိုက်ဆံ အရမ်းလိုနေတာမှ မဟုတ်တာ ကျောင်းပြီးမှသာအလုပ်လုပ်ပါကွာ၂ နှစ်ဘဲလိုတော့တာဆိုတော့ သိပ်မကြာတော့ ပါဘူး"

မဆုံဖြစ်ခဲ့ ကြရင် (If we don't meet)Where stories live. Discover now