Part 19

157 20 15
                                    

Zawgyi

ဒဏ်ရာဆိုတာ တစ်နေရာတည်းကို
တစ်ခါဘဲရတာ ကောင်းတယ်

တစ်နေရာတည်းကို နှစ်ခါထိမိရင်
အခြေနေ ဆိုးတတ်တယ်

Soobin

တစ်ယောက်ကို တစ်ယောက် စောင့် နေကြပေမယ့်

တစ်ယောက် အနား ကို တစ်ယောက် ရောက်မလာနိုင်တာဘာကြောင့်လဲ ငယ်

ငယ့်အတ္တကြောင့်လား ကိုကို့မာနကြောင့်လား .........

Hyuka

မင်းတို့ ဒီလောက် နီးစပ်နေတာတောင် ဘာလို့ ဝေးခဲ့ ကြတာ လည်း မေးတဲ့ သူငယ်ချင်း တွေ အမေးကို အရင် က ကျွန်တော်မဖြေတတ်ခဲ့ဘူး

ခုထပ်မေးရင်တော့ ကျွန်တော်ဖြေချင်တယ်

Hyung နဲ့ ငါက နီးစပ်ပေးမယ့် အမြဲ ကျောခိုင်းထားတာ သူက ငါ့ ခံစားချက် တွေကို မမြင်သလို ငါကလည်းသူ့အခက်အခဲ ကို မမြင်ခဲ့လို့ ဝေး ကြတာလို့ ကျွန်တော်ဖြေမယ် Hyung

***************************

Soobin Hyung ပြန်သွားတော့ Huening လည်း ဆက်မနေချင်တော့တာမို့ Jake ဆီ ပြန်ခွင့် တောင်းရသည်။

"Jake ငါပြန်တော့မယ် Taehyun မင်းရော ပြန်လိုက်မာမလား "

"အေး လိုက်မယ် "

"တောင်းပန်တယ် Jake မင်းတို့ anniversary က ငါ့ကြောင့် နည်းနည်း စိတ်ညစ်စရာတွေ ဖြစ်သွား စေလို့"

"ဟာ Kai ရာ ဘယ်က စိတ်ညစ်စရာဖြစ်ရမှာလဲ မင်းအဆင်ပြေဖို့က အရေးကြီးတာပါ စိတ်ထဲ အရမ်းတွေ ခံစားမနေနဲ့ အဆင်မပြေရင် ငါနဲ့ Taehyun သာလှမ်းခေါ်လိုက် "

"Sunghoon မင်းလည်း Jake နဲ့ ပျော်ပျော်လည်ခဲ့ နော်မှ ထပ်တွေ့မယ်"

"အေး"

Huening နဲ့ Taehyun ထွက်သွား ဖြစ်နေတဲ့ အခြေအနေ ကိုကြည့်ကာ Jake ကို Sunghoon မေးတော့သည်။

"Jake ...မင်းရော မင်းသူငယ်ချင်းတွေရော မျက်နှာက ဘာဖစ်နေကြတာလဲ ကိစ္စ တစ်ခုခုရှိတယ်မလား ငါ့ကိုပြော"

"မရှိပါဘူး Hoon ရယ် "

"ငါ့ကို ငတုံး များမှတ်နေလားဟင် "

"အေး.... မပြောချင်လည်းနေ ခုလည်း ငါစိတ်မပါလို့ လျှောက်မလည်ချင်တော့ဘူး ပြန်လိုက်ပို့"

မဆုံဖြစ်ခဲ့ ကြရင် (If we don't meet)Where stories live. Discover now