Part 18

132 24 15
                                    

Zawgyi

ကျန်ရစ်ခဲ့ သူ နဲ့ ချန်ထားခဲ့သူမှာ
ဘယ်သူက ပိုနာကျင်မလဲ
သေချာပေါက် ချန်ထား ခဲ့သူပေါ့
ချစ်လျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မင်းကို
ထားခဲ့တဲ့ Hyung ကို မင်း အရမ်းမုန်းတီးနားကြည်းနေမလား ဒါမှ မဟုတ် 5 နှစ်ကြာအချိန်တစ်ခုကိုဘာမှမဖြစ်ခဲ့သလို မေ့လိုက်မာလား ဆိုတာ သိချင်မိတယ် ငယ်

ချစ်ရတဲ့ မင်းကိုလွမ်းတိုင်း ကိုယ်အလုပ် ပိုကြိုးစားဖြစ်တယ် ဒါပေမယ့် တွေ့ချင်လားလို့ မေးခဲ့ရင်တော့ ဟင့်အင်းလို့ဘဲ ကိုယ်ဖြေမယ် ငယ်

ကိုယ် နဲ့ ငယ် သာမဆုံဖြစ်ခဲ့ရင် သိပ်ကောင်းမှာဘဲလို့......
တစ်ခါတစ်လေ ကျ ကိုယ်တွေးမိတယ်

အမြဲတမ်း ငယ်အဆင်ပြေနေတာကို ဘဲ မြင်ချင်တာမို့ ကိုယ့်ကြောင့်ငယ်ထိခိုက်မယ်ဆို ကိုယ်က ဘာတေဖြစ်နေဖြစ်နေ ပေးဆပ်ဖို့အသင့်ဘဲ ငယ်

******************************

"ဒေါက်တာ"

ခေါ်သံကြောင့် Soobin အတွေးတွေ ပစ္စုပ္ပန် ပြန်ရောက်လာတော့သည်။

ကျွန်တော်ဟာ ငယ့်အကြောင်းတွေးတိုင်း အမြဲ အဲ့လိုသတိလက်လွတ် ဖြစ်နေတတ်တာဟိုး အရင်ထဲက ........

"ဒေါက်တာ့ကို ပြောစရာရှိလို့ အဲ့တာ ဒေါက်တာအားလားမသိဘူး"

"Hyungnim လို့ဘဲခေါ်ပါ Sunghoon ရယ်
သူစိမ်းတွေ ကျနေတာဘဲ"

"ဆေးရုံ မာမို့ စီနီယာ အနေနဲ့ လေးစားမှု နဲ့ ဒေါက်တာလို့ ခေါ်တာပါ Hyung ရယ်"

သူတို့အလုပ်လုပ်နေတဲ့သြစီကဆေးရုံမာ ကိုရီးယား လူမျိုးဆိုလို့ သူရယ် Sunghoon ရယ်ဘဲရှိပြီး ခပ်အေးအေးသမားတေမို့ ခင်တာ ကြာနေလည်း Sunghoon က သူ့ထက် ၂နှစ်ငယ်ပြီး ဂျူနီယာလည်း ဖြစ်နေတာမို့ ဒေါက်တာလို့ တလေးတစား ခေါ်၍ သူက Hyung လို့ ခေါ်ရန် အမြဲပြောနေကျ......

"ညနေ သူငယ်ချင်း တွေ နဲ့ ချိန်းထားတာရှိ လို့ Hyung လိုက်ခဲ့ပါလား
ကျွန် တော့် သူငယ်ချင်း တွေနဲ့ မိတ်ဆက်ပေးချင်လို့ Hyung သွားစရာရှိရင်တော့ မလိုက်လည်းရပါတယ် "

"ဒီနေ့ညနေဆို Hyung အားတယ်
လိုက်ခဲ့မယ်လေ ကိုရီးယား ကသူငယ်ချင်းတွေလား"

မဆုံဖြစ်ခဲ့ ကြရင် (If we don't meet)Where stories live. Discover now