part 31

4K 287 69
                                    

အခန်းရှင်းရင် ရုတ်တရက် ဓာတ်ပုံလေး ပြုတ်ကျလာတယ်

အော်...ဒီနေ့ဆို ကျမနဲ့ မောင် လက်ထပ်ထားတာအနှစ်  ၃၀တောင် ပြည့်သွားပီ

မောင်လို့ခေါ်တာ ကျမက မောင်ထပ် အသက်ကြီးတယ်မထင်လိုက်ပါနဲ့

မောင်က အခု အသက် ၅၄နှစ်ရှိနေပီ...ကျမက ၄၈နှစ်ပေါ့

ချစ်လွန်လို့သာ ကျမထပ် အသက် ၆နှစ်ကြီးတဲ့ မောင်ကို  ချစ်စနိုးနဲ့ မောင်လို့ ခေါ်နေတာ....

မောင်နဲ့ စဆုံးကြတုန်းက မောင်က အရမ်းချစ်ဖို့ကောင်းတာ...ကျမထပ်အသက်၆နှစ်ကြီးတယ်လို့ မထင်လောက်အောင်...ပါးဖောင်းဖောင်း လေးတွေ ပိုင်ဆိုင်ထားတယ်

မောင်က ဆံပင်အရောင် ခဏခဏ ပြောင်းတတ်တယ်...

မောင် ဘယ်အရောင်ပဲ ပြောင်းပြောင်း မောင်နဲ့ အရမ်းလိုက်ဖက်လွန်တယ်

ကျမ မျက်စိထဲမှာဆို မောင်က ချစ်ဖို့အကောင်းဆုံး ယောကျ်ားလေးပဲ

အခုဆို မောင် အသက် ၅၄နှစ်ရှိနေပီ...မောင် ပါးတွေ အရမ်းလို မဖောင်းပြည့်တော့ပေးမယ့် နည်းနည်းတွန့်သွားတဲ့ အသာရည်ကလွဲရင် ဘာမှမပြောင်းလဲသွားဘူး

အရင်လို ဆံပင်အရောင် ခဏခဏ ပြောင်းတတ်တဲ့မောင်က...အခု အဖြူရောင် ဆံပင်တွေ နေရာယူထားပီ ဒါပေးမယ့် ကျမ မျက်လုံးထဲမှာတော့ မောင်က ချောမောနေတုန်းပဲ

မောင်က ကျမကို အမြဲပြောတဲ့ စကားရှိတယ်

ကိုယ်ဘဝထဲမှာ အချစ်ကို  အချစ်ဆုံးပဲ တဲ့

ဟုတ်ပါတယ်...အိမ်ထောင်းသက်တမ်း ၃၀နှစ်ထိ... ကျမနဲ့မောင် ရန်ဖြစ် စကားများကြတာမရှိဘဲ အမြဲတမ်းတစ်ယောက်အပေါ် တစ်ယောက် နာလည်မှုရှိရှိနဲ့ ဖြတ်သန်းလာကြတယ်

ပြောရရင် ဒီနေ့ ဒီချိန်ထိ ကျမတို့ရဲ့အချစ်က ချိုမြိန်ခဲ့ပါတယ်

"အချစ် ဓာတ်ပုံကိုင်ပီ ဘာတွေတွေးနေတာလဲ ”

ရုတ်တရက် အနောက်ဘက်ကနေ ဖက်လာတဲ့မောင် ကြောင့် လန့်သွားပေးမယ့်...မောင်ကို အချိုသာဆုံး ပြုံးပြလိုက်တယ်

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Where stories live. Discover now