💕Happy 4th anniversary 💕

6.3K 501 6
                                    

"ကျန့်ကော ”

"ဟင့်ပြောလေး လောင်ဝမ်”

"ဘာလိုလိုနဲ့ ကျနော်တို့ တွေ့ဆုံးမှုက ၄နှစ်ပြည့်သွားပီနော် ”

ရိပေါ်လဲ အဝါရောင်ပန်ခင်လေးထဲမှာ ထိုင်နေရင်း ကောလဲ ရိပေါ်ပေါင်ပေါ်အိပ်လိုက်တယ်

"ဟုတ်တယ်နော် မနေ့တနေ့ကလိုဘဲ”

"အင်း ကျနော်တို့ ဒီနေရာကို လာတုန်းက ကျန့်ကော  x-nine အဖွဲ့သားတွေနဲ့ ဟိုနားလေးမှာဓာတ်ပုံရိုက်နေကြတာလေး ”

ကောလဲ အဝါရောင်ပန်လေးတပွင့်ကို ခူးလိုက်ပီ ရိပေါ်လည်စေ့လေးအပေါ် ထိကစာနေတော့သည်

"အာ့တုန်းက ကျန့်ကော ကျနော်ကို သတိတောင်မထားမိဘူးမလာ”

"အာ့တုန်းက ကောမှ လောင်ဝမ်နဲ့မသိသေးတာလေး”

" ကျနော်က ကျန့်ကောကို မြင်မြင်ချင်းချစ်ခဲ့မိတာ”

"ဟုတ်ပါပီ တကယ်လို့ တချိန်ချိန်မှာ လောင်ဝမ်နဲ့ ချစ်သူဖြစ်ရမယ်လို့ ကြိုသိခဲ့ရင် ကော စစတွေ့ခြင်း လောင်ဝမ်ကို ချစ်မိမှာပေါ့ ပီတော့ လောင်ဝမ်ဆီပြေးလာပီ ဟောဒီလို တင်းတင်းကြပ်ကြပ်လေး ဖက်ထားလိုက်မှာပေါ့”

ယုန်သွားလေးပေါ်တဲ့အထိ ပြုံးပြလိုက်ပီ ရိပေါ်ပေါင်ပေါ်မှာအိပ်နေရင်း ခါးလေးကို လှမ်းဖက်လိုက်တယ်

"ဘယ်သူသိမှာလဲ ဒီကောင်လေးငယ်က ကော ကို မြင်မြင်ချင်း ချစ်နေမယ်လို့”

"အမ်း ဟုတ်တယ်နော် ကျနော်လဲ မသိဘူး ဘာလိုကျန့်ကောကို မြင်မြင်ချင်း ချစ်ခဲ့မိတာလဲ ဆိုတာ ”

"ကော ချောနေလို့မလာ”

"ဟုတ်တယ် ...ချောလဲချောတယ် ပီတော့ ပြုံးလိုက်တိုင်းပေါ်လာတဲ့ ယုန်သွားလေးတွေကို သဘောကျတယ် ပြုံးလိုက်တိုင်မြင်နေရတဲ့ နှုတ်ခမ်းအောက်က မှည့်လေးကို မြတ်နိုးတယ်... မဟုတ်ဘူး ကျနော်က ကျန့်ကောရဲ့ အရာရာတိုင်းကို မြတ်နိုးတာ ကျန့်ကောဖြစ်နေလို့ကို ချစ်မိတာ ကျန့်ကောဖြစ်နေလို့ကို မြတ်နိုးတာ”

"ကျေးဇူးပါ ကောကို အရင်းကတည်က ချစ်လာပေးလို့ ”

"မလိုပါဘူး ကျနော် ကျန့်ကောကိုချစ်တာ
ကျနော်နှလုံးသားက ပိုင်ရှင်ကိုမြင်ပီကတည်က တခြားလူတွေးအပေါ် ရင်မခုန်တော့တာ ကျန့်ကောကိုချစ်လို့ ကျန့်ကော ကျေးဇူးတင်စရာမလိုဘူး ကျနော်ကို ပြန်ချစ်လာပေးတဲ့ ကျန့်ကောကို ဘဲ ကျနော်က ကျေးဇူးတင်တာ”

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Where stories live. Discover now