♥part 27♥

5K 506 51
                                    


ဖေးဖေး "အခုမှ ပြန်တွေ့ကျတော့တယ် ကျန့်ကျန့်”

"ဟုတ်တယ် ကျဲယေ အော် ဒါက ကျန့်ကျန့် ငယ်ချင်း ကျိယမ်း ဒီဘက်က ဟောက်ရွှမ်း သူဘေးက ယွမ်းချန်း ”

ဟောက်ရွှမ်း: ကျိယမ်း  "တွေ့ရတာ ဝမ်းသာပါတယ်ဗျာ ”

ဖေးဖေး: "ဟုတ် ဝမ်းသာပါတယ် အပြန်အလှန်ခင်ကြမယ်လေးနော်”

ယွမ်းချန်း: "ကျဲက ဒီမှာလာလည်တယ်ဆိုတော့ လိုအပ်တာရှိရင် ချန်းချန်းဆီ ပြောပါနော် အားမနားပါနဲ့ ငယ်ချင်းလို့ ခင်မင်ကြမယ်”

ဖေးဖေး: "ဟုတ် ကျေးဇူးပါကွယ် ကျဲက အစက တစ်ယောက်ထဲ အဖော်လဲမရှိဘူးလေး အခု မင်းတို့နဲ့ ခင်ခွင့်ရတာ အရမ်းပျော်တယ်”

အားဖေးကျဲက အဖော်မရှိတော့ လျှောက်လည်ခြင်းလို့ ကျန့်ကျန့်က အဖော်လိုက်လာပေးခဲ့တာ...

ဟိုနှစ်ကောင်လဲ အားတာနဲ့ လိုက်လာခဲ့တယ်....

သူတို့ပါတော့ ကျန့်ကျန့်လဲ အနေမခက်ရတော့ဘူးပေါ့...ပီတော့ အားဖေးကျဲ တစ်ယောက်ထဲ မိန်းကလေးဖြစ်ပီ ယောကျ်ားလေး သုံးယောက်နဲ့ သွားလည်တာ အမြင်မတော်သလိုဖြစ်နေမှာဆိုလို့...ယွမ်းချန်းကိုပါ အဖော်ခေါ်လာခဲ့ခြင်းပင်

အားဖေးကျဲနဲ့ ကျန့်ကျန့်က ရိုးရိုးသားသားပဲဆိုပေးမယ့် နှစ်ယောက်ထဲ အတူသွားလာတာ  ပတ်ဝန်ကျင်တွေ တမျိုးထင်သွားနိုင်သည်

ပတ်ဝန်ကျင်ထပ် ဦးက စိတ်မချတာလဲ ပါသည်

ဦး ဒီရက်ပိုင်း အရမ်းအလုပ်ရှုပ်နေတယ် ...ဘာလို့လဲဆို နောက်၂ရက်နေ့ကြရင် ဂျပန်မှာရှိတဲ့ ဦး ရဲ့ ဖွားဖွားဆီ သွားလည်မလို့တဲ့

အာ့ကြောင့် အလုပ်တွေ အပီဖြတ်နေတာ

အခုလဲ လျှောက်လည်ကြဖို့ ထွက်လာတော့ ဗိုက်ဆာတာကြောင့် ကျန့်ကျန့်တို့ စားသောက်ဆိုင်ထဲကို ရောက်လာသည်

ခဏနေ အစားအသောက် မှာကြတော့သည်....

ဖေးဖေး: "ဟော့ပေါ့ စားကြမလာ”

"ကောင်းတယ်ကျဲ ကျန့်ကျန့်လဲ မစားရတာ တော်တော်ကြာနေပီ ”

အားလုံးလဲ သဘောတူကာ ဟော့ပေါ့ မှာကြသည်

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Where stories live. Discover now