♥part~30♥

4.7K 510 61
                                    


လေဆိပ်ကနေ အပြန်တွင် ရိပေါ် စိတ်ထဲ ဘယ်လိုမှ အလိုမကျနေ

ဘာလို့လဲဆိုတော့ ဖွားဖွား လာကြိုခိုင်းတဲ့ ဧည့်သည်က လီကျွမ်းကျွမ်း ဖြစ်နေတာပင်

ဘယ်လိုဖြစ်သွားတာလဲ....လီကျွမ်းကျွမ်း နဲ့ ဝမ်ဖွားဖွား
ဝမ်ဖွားဖွား နဲ့ လီကျွမ်းကျွမ်း ဘယ်လိုမှ မအပ်ဆက် ဘယ်လိုလုပ်ပီ လီကျွမ်းကျွမ်း က ဖွားဖွား ဧည့်သည်ဖြစ်သွားတာလဲ

အပြင်မှာစကားပြောလို့ အဆင်မပြေတာကြောင့် ရိပေါ် ကားထဲဝင်ကာ ကျွမ်းကျွမ်းလဲ ဝင်လာလိုက်တယ်

ကျွမ်းကျွမ်း ဝင်လာတာနဲ့ ရိပေါ် အလိုမကျတဲ့ အကြည့်နဲ့အတူ သူမဆီ ရောက်လာခဲ့တယ်

"ပြောပါအုံး မင်းက ဘယ်လိုလုပ်ပီ ဖွားဖွား ရဲ့ ဧည့်သည်ဖြစ်သွားတာလဲ ”

"ဒီလိုပါပဲ ကိုကိုရယ်...ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲလေး”

"အခုရော မင်းက ဘာလာလုပ်တာလဲ”

"ကျွမ်းကျွမ်း အလုပ်ကိစ္စနဲ့လာတာပါ...ပီတော့ ဒီအလုပ်က ဝမ်ဖွားဖွား နဲ့လဲ ပူးပေါင်းထားတယ်”

ကျွမ်းကျွမ်းနဲ့ ဝမ်ဖွားဖွားရဲ့အလုပ် ပူးပေါင်းထားကြတယ်ဆိုတာ ရိပေါ်မသိခဲ့... ဘာလို့လဲဆိုတော့ ဖွားဖွားရဲ့ အလုပ်တွေကို ရိပေါ် အရင်ကတည်က စိတ်မဝင်စားခဲ့ဘူးမလာ

စီးပွားရေးသမားအချင်းချင်းမို့ သိကြတာလဲ မအံသြတော့ဘူး

စကားမရှည်ခြင်းတာကြောင့် ကားစက်နှိုးကာ

"အခု မင်းကို ဘယ်ကို ပို့ရမှာလဲ”

"ဖွားဖွား ဆီပဲ သွားကြမယ်လေး”

ရိပေါ် မျက်မှောက်ကြုတ်ကာ မောင်းထွက်သွားသည်

ဝမ်အိမ်တော် •

ကျန့်ကျန့် ဝမ်ဖွားဖွားနဲ့ စကားပြောကြပီ အခန်းထဲ ဝင်လာခဲ့တယ်

ကျန့်ကျန့် ကိုယ့်ကို ပြန်သုံးသပ်နေမိတယ်

ဦးဘေးနားမှာ သင့်တော်တဲ့သူတစ်ယောက်ဖြစ်ဖို့...ကျန့်ကျန့် ရင့်ကျက်ရမယ်....ပီတော့ ကျန့်ကျန့်က ဦးလို တော်တဲ့ စီပွားရေးသမားတစ်ယောက် ဖြစ်နိုင်ရမယ်

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Tempat cerita menjadi hidup. Temukan sekarang