♥part 7♥

9.5K 865 30
                                    


ဦးနဲ့အတူ စားသောက် စကားတွေးပြောပီပြန်သွားတဲ့နေ့ကတည်က ကျန့်ကျန့်နဲ့ဦး စစတွေ့တုန်းကလို တင်းမာမှုမရှိတော့ပါဘူး

ဦးကို လိုအပ်တာရှိရင် ပြောလို့ရအောင်ဆိုပီ ကျန့်ကျန့် ဖုန်းနံပါတ်ရော wechatရော အပ်ပေးခဲ့လိုက်သည်

ဦးက ကျန့်ကျန့်ရဲ့ ပထမဆုံးငယ်ချင်းဖြစ်တဲ့အတွက် ကျန့်ကျန့် ဦးကို ခင်တွယ်မိသည်

တခါမှ အပြင်လူနဲ့ ရင်းနှီးစွား မနေတတ်တဲ့ကျန့်ကျန့်က ဦးကို ကျန့်ကျန့်ရဲ့ ငယ်ချင်းတစ်ယောက်ဆိုတာထက်  ကျန့်ကျန့်ရဲ့ဦး တစ်ယောက်လို သဘောထားမိသည်

အခုဆို တပတ်ရှိသွားပါပီ

ကျန့်ကျန့် ကျောင်းပုံမှန်သွားတယ် အရင်လို ပြသနာတွေလဲ မဖြစ်တော့ဘူး
ဦးနဲ့လဲ ညဘက် ဖုန်းပြောဖြစ်တယ် ဖုန်းမပြောကြရင် wechatမှာ စာပို့ကြတယ် rpကြာမှပြန်ရင် စိတ်ဆိုးတတ်တဲ့ ကျန့်ကျန့်ကို ဦးက ချက်ချင်း rpလာပေးသည်

ဒီနေ့ ကျန့်ကျန့် ကန်တင်မှာထိုင်နေရင်း ကျန့်ကျန့်ဘေးမှာ လူတစ်ယောက်ရပ်နေကာ

"ဒီမှာထိုင်လို့ရလာ”

ကျန့်ကျန့်ကြည့်လိုက်တော့ ကျန့်ကျန့်နဲ့ရွယ်တူကောင်လေးတစ်ယောက်ဖြစ်နေတယ်

ဒါမယ့် သူက ကျန့်ကျန့်ထက်အရပ်ရှည်ပီ ခန္ဓာကိုယ်အချိုးအစားကလဲ ကျန့်ကျန့်လိုမဟုတ်ပေ

အရင်ကဆို ကျန့်ကျန့် တခြားသူတွေနဲ့ မပတ်သက်ခြင်းပါဘူး

ဒါမယ့် အခုက ဦးပြောခဲ့တဲ့ စကားကို နာထဲပြန်ကြားယောင်နေမိတယ်

*လူတွေကို ဆိုးရွာသောအကြည့်တွေ မကြည့်နဲ့တဲ့ တခါလောက်ပြုံးပီ ဆက်ဆံကြည့်ပါ တဲ့*

ကျန့်ကျန့်လဲ ပြန်ပြုံးပြလိုက်ပီ

"အမ်း ထိုင်လေး ”

ကောင်လေးက ထိုင်ချလိုက်ပီ ကျန့်ကျန့်ကို လက်ကမ်းလာကာ

"ငါနာမည်က ဟောက်ရွှမ်း မင်းနဲ့ ခင်လို့ရမလာ”(ဟောက်ရွှမ်း က ရွှယ်ယမ်ပါ နော် အပြင်နာမည်သုံးထားတာ)

ဒီကောင်လေးကြည့်ရတာ လူကောင်းတစ်ယောက်ဘဲမို့ ကျန့်ကျန့်လဲ ပြန်ပီ လက်ကမ်းကာ

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Where stories live. Discover now