♥part 9♥

9.3K 751 34
                                    

တလမ်းလုံးကားမောင်းလာပီ စားသောက်ဆိုင်ထဲရောက်တဲ့အထိ နှစ်ယောက်လုံး ဘာစကားမှမပြောဖြစ်ကြပေ

ဦးက ဘာလို့ ကျန့်ကျန့်မျက်နှာကိုသေချာကြည့်ပီ နှုတ်ခမ်းလေးကို မလွှတ်ပေးတာလဲ သူများကိုနမ်းပီအခုချိန်ထိ စကားလဲ မပြောဘူး

ဘာလဲ ဦးက စားပီ နာမလည်လုပ်မလို့လာ
မရဘူးနော် ကျန့်ကျန့် တကျန့်ထဲရှိတာ အာ့လိုလုပ်ကြည့် ဦးနှုတ်ခမ်းကို ဆူပုတ်အောင် ပြန်နမ်းလိုက်မှာ ဟွန့် လူကို ဘယ်လိုထင်နေ

ကျန့်ကျန့်လဲနှုတ်ခမ်းလေးဆူထားပီ  သူအတွေးနဲ့ သူတွေးနေတော့သည်

ရိပေါ်ဘက်ကလဲ တကယ့်အနေခက်သွားတာ မတော်တဆ နမ်းမိသွားတယ်ဆိုပေးမယ့် အိစက်နေတဲ့ နှုတ်ခမ်းအပေါ် ကျရောက်သွားတဲ့အချိန်မှာ ရိပေါ်ဘက်က ပြန်မရုန်းထွက်နိုင်တဲ့အထိ ဆွဲဆောင်နိုင်လွန်တယ်

အနမ်းဆိုလို့ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက ကလေးတစ်ယောက်နဲ့ဘဲ ထိတွေ့ခဲ့ဘူးတာ

အာ့တုန်းကလဲ ကလေးက ကိုယ့်နှုတ်ခမ်းလေးအပေါ်ကို သူနှုတ်ခမ်းလေးနဲ့ ခဏဖိကပ်ထားယုံလေးဘဲ

ရှင်းရှင်းပြောရရင် ကလေးပီရင် အခု ကျန့်ကျန့်က ဒုတိယလူ ဘဲ ရိပေါ်နှုတ်ခမ်းကိုထိတွေ့ခဲ့ရတာ

ပီတော့နှုတ်ခမ်းခြင်းတိုက်မိလို့ ချက်ချင်းရုန်းထွက်လိုက်တာမဟုတ်ဘဲ အသိစိတ်ခဏလွတ်သွားကာ  ကျန့်ကျန့် မျက်နှာလေးကို သေချာကြည့်ပီ နမ်းလိုက်သေးသည်

သူအသိစိတ်ပြန်ဝင်လာတော့ ကျန့်ကျန့်က မရုန်းထွက်ဘဲ သူ့ကို မျက်စိလေးပြူးကာ ကြည့်နေတော့သည်

ဒါကြောင့်လဲ ရိပေါ် အနေခက်သွားတာပေါ့

အခုနှစ်ယောက်ထဲ ရှိနေတာတောင် ရိပေါ်တို့ကြာက လေထု အေးစက်နေသလိုဘဲ ကျန့်ကျန့်များ သူ့ကို စိတ်ဆိုးသွားသေးလာ

မဖြစ်ဘူး ဒီကောင်လေး စိတ်ဆိုးသွားလို့  ရိပေါ်အနေအေးသွားရင် ဘယ်လိုလုပ်မှာလဲ

ရိပေါ် စကားအရင်စပြောတော့မှ ဖြစ်မည်

"ကျန့်ကျန့် ”

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Where stories live. Discover now