အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ

Start from the beginning
                                    

အန်းကျီယန် နှင့် ဖူဝူထျန်းတို့ လောင်းကစားရုံ ကို လှည့်ပတ်ကြည့်လိုက်ကြသည်။

ဤနေရာရှိ လောင်းကစားနည်းများမှာ ရိုးရှင်းပြီး သာမန်ကျလှ၏။

အံစာပစ်ခြင်း၊ ကတ်ဖဲကစားခြင်း ကဲ့သို့သော ကစားနည်းအားလုံးသည် ရိုးရှင်းလှသော်ငြား ကစားနေသည့်သူများမှာတော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။

လူအုပ်ကြီး က လောင်းကြေးထပ်ပြီးချိန်တိုင်း ဒိုင်ကို မျက်တောင်မခတ်စတမ်း ဝိုင်းကြည့်ကြသည်။ ဒိုင်က ရလဒ်ကို ထုတ်ပြချိန်တွင်တော့ စိတ်လှုပ်ရှားမှု နှင့် စိတ်ပျက်မှု တို့အဖြစ် ချက်ချင်း ကွဲပြားသွားတော့သည်။

လောင်းကစားရုံ ထဲရှိ လူများသည် အန်းကျီယန်နှင့်ဖူဝူထျန်းကို အစောကတည်းက သတိထားမိကြ၏။ သူတို့နှစ်ဦး က ပတ်လျှောက်နေသော်လည်း ဝင်ရောက် လောင်းကစားခြင်းမရှိပေ။ ခဏမျှ လေ့လာစမ်းစစ်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် အနားကပ်မေးရန် ပြင်ရတော့၏။ လေးစားမှုအပြည့်နှင့် အသံတစ်ခု ပေါ်လာလေသည်။

"ဒီနေရာကို ရောက်တာက သခင်လေးနှစ်ယောက်အတွက် ပထမဆုံး အကြိမ်လားခင်ဗျ"

သူတို့၏ အဝတ်အစားများကို ကြည့်ရုံဖြင့် ထိုနှစ်ဦးသည် သာမန်လူများမဟုတ်ကြောင်း အလွယ်တကူပြောနိုင်သည်မို့ တာဝန်ခံက အထင်မသေးရဲပေ။ မြို့တော်၌ အဆက်အသွယ်ရှိမှသာ လူရာဝင်ပေသည်။

"ဟုတ်တယ်...ဒါက ပထမဆုံးအကြိမ် ပဲ။ မင်းတို့ လောင်းကစားရုံ မှာ လောင်းကစားနည်း သုံးနည်းပဲ ရှိတာလား?"

အန်းကျီယန် က ခေါင်းငြိမ့်ပြီး မေးလိုက်၏။

ဆိုင်တာဝန်ခံ က ရယ်မောလေသည်။

"သေချာပေါက် မဟုတ်ဘူးပေါ့ဗျာ။ သခင်လေးနှစ်ယောက်က အခြား ကစားနည်းတွေကို မြင်ချင်တယ် ဆိုရင် ဒုတိယထပ်ကိုသွားလို့ရပါတယ်။ ပထမထပ်မှာရှိတာတွေက အသေးအမွှာလေးတွေပါပဲ။ တကယ့်ပျော်စရာက ဒုတိယထပ်မှာပဲ ရှိတာ"

“ဒါဆိုလည်း လမ်းပြပါဦး”

တာဝန်ခံက ချက်ချင်း ဆိုသလို အလွန်တရာ လေးစားရိုသေသည့် ဟန်ပန်ဖြင့် သူတို့နှစ်ယောက်ကို ဒုတိယထပ်ဆီ ခေါ်သွားလေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now