ဘေးလူတွေရဲ့ အကြည့်ကို ဂရုမစိုက်၊ မျက်လုံးထဲမှာ သူတို့အချင်းချင်းပဲ ရှိကြတယ်။

.
ကျန့်ယောင် လက်မောင်းတွေကို ပိုပြီးတင်းကျပ်လိုက်တယ်။

ရင်းချဲယ်မှာ အလောတကြီးထွက်လာရတာမို့ အပေါ်ကနေ ဂျာကင်အရှည်အထူကြီးတစ်ထည်ပဲ ထပ်ဝတ်လာခဲ့တယ်၊ ထို့ကြောင့် သူ့ကိုဖက်ရသည်မှာ အရမ်းကိုနွေးထွေးနူးညံ့နေတယ်၊ ကောင်းကင်က လောလောလတ်လတ်နေပူဆာလှုံထားတဲ့ တိမ်စိုင်လေးတစ်ခုကို ဖက်ရတဲ့အတိုင်း။

လေးငါးစက္ကန့်ကြာလောက် အနီးကပ်ပွေ့ဖက်ပြီးချိန်မှာ ရင်ခွင်ထဲကလူရဲ့ကိုယ်လေးဟာ တဖြည်းဖြည်းနဲ့ တောင့်တင်းသယောင်ဖြစ်လာတာ ခံစားမိတာမို့ ကျန့်ယောင် လွှတ်ပေးလိုက်ရတယ်။

“‌ဆောရီး ငါမင်းရဲ့သဘောထားကိုမမေးလိုက်မိဘူး မင်းအဆင်ပြေရဲ့လား?”

ရင်းချဲယ် အမူအရာက အနည်းငယ်ဖြူဖျော့နေတယ်၊ ဒါပေမယ့် နားရွက်လေးတစ်စုံကတော့ ရဲရဲလေး။ ပြီးတော့ အကြည့်ကလည်း ကျန့်ယောင်ဆီကနေ ရှောင်ဖယ်ရှောင်ဖယ်။
“....အဆင်ပြေပါတယ်”

“ဒါဆို နောက်တစ်ခေါက်လောက်?”
ကျန့်ယောင်က သူ့လက်မောင်းတွေကို ဖြန့်ကားပေးတယ်။

ရင်းချဲယ်က နောက်ကို သေးသေးလေးတစ်လှမ်းဆုတ်လိုက်ပြီး :
‘‘တစ်နေ့ကို တစ်ခါပဲ”

ဒီလို ဖက်လဲတကင်းထိတွေ့မှုမျိုးကို သူကျင့်သားမရသေးဘူး။

“အဲ့ဒါဘာသဘောလဲ ဟမ် ကောင်စုတ်လေး?”
ကျန့်ယောင်နှုတ်ခမ်းတွေက အပြုံးတစ်ပွင့်အဖြစ် ကော့တက်လာလေသည်။
“မင်းက ငါ့ကိုမင်းဆီနေ့တိုင်းလာပြီး ဖက်စေချင်နေတာပေါ့လေ? တွယ်ကပ်လိုက်တာကွာ”

“......”

alpha လေးကတော့ မဆိုးပါဘူး၊ ဒါပေမယ့် လေလုံးကတော့ ထွားသလားမမေးနဲ့

ကျန့်ယောင်က သူ့နောက်ကဆိုင်ကယ်ကြီးကိုပုတ်ပြကာ :
“ကောင်းပြီ ဘာပဲဖြစ်ဖြစ်ပါ ငါ့မှာ ဒီကိရိယာကြီးရှိနေပြီပဲ၊ ညတိုင်းနှစ်နာရီလောက်ပဲဆိုတော့၊ ဖြစ်နိုင်သမျှ အမြန်ဆုံး ငါ့ကောင်လေးကို ငါ့ရင်ခွင်ထဲသူ့အလိုလို ဝင်လာအောင်လုပ်နိုင်မယ်ဆိုရင်တော့ တန်ပါတယ်”

Pay Attention To Me [Myanmar Translation]Where stories live. Discover now