ဒီလိုနဲ့ ဝေယံလင်းထွန်းမှာ လူအများ ခြံရံလျက် လားရှိုးက အိမ်ဆိုင်လေးသိူ့ သွားနေရလေသည်။ မသိရင် နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်ရောက်လာသလိုဘဲလေ။ အခုလည်း အနောက်မှာ ကားနှစ်စီးဖြင့် လူတွေပါလာသေးသည်။

ဝေယံလင်းထွန်း ပျင်းလာသည်။ ခဏမှ လေယှဉ်စီးလာတာ ခုကားပြန်စီးနေရတော့ ပျင်းလာတော့တာပေါ့။ ဝေယံလင်းထွန်းမှာ လေယှဉ်ပေါ်မှာတုန်းက လားရှိုး ရောက်ရောက်ချင်း ပြဿနာအရင်ရှာဖို့တွေးနေလေသည်။ အခုလည်း အကောင်အထည်မဖော်ဖော်ဖို့ စဉ်းစားနေလေသည်။

"ဟို..... ကားခဏ ရပ်ပါအုန်း" လို့ ဝေယံလင်းထွန်း ပြောလိုက်တော့ ကားမောင်း‌နေတဲ့သူက လမ်းဘေးနား ထိုးရပ်‌လိုက်လေသည်။

"ဘာများ ဖြစ်လို့လဲ သခင်လေး" ဟု ဦး‌မိုးကောင်းက ‌မေးလိုက်သည်။

ဝေယံလင်းထွန်းမှာ ဘာမှမပြောဘဲ ကားပေါ်က ဆင်းလိုက်လေသည်။ ပြီးတော့ မုန့်ဆိုင်လေးထဲ ၀င်သလိုလိုနဲ့ ထွက်ပြောလေတော့၏။ ဦးမိုးကောင်းလည်း ကြောင်းသွားလေသည်။ ပြီးမှ
ဝေယံလင်းထွန်းနောက်ကို လိုက်ခိုင်းတော့၏။

ဝေယံလင်းထွန်းမှာ လမ်းကြားလေးတွေထဲ ပြေးလေသည်။ ငယ်ရွယ်နုနယ်တဲ့ အချိန်လေးမလို့ အပြေးက သွက်လှ၏။
ဝေယံလင်းထွန်း နောက်သို့ လိုက်တဲ့သူများလည်း မခေပါ။ သွက်လှသည်။ ဝေယံလင်းထွန်းမှာ နောက်ကို တစ်ချက်ကြည့်လိုက်၊ ပြေးလိုက်ဖြင့် ပျော်ရွှင်နေတော့သည်။ လမ်းကြားအသွယ်သွယ်၊ အကွေ့အကောက် အဖုံဖုံတို့ကို ကျော်ဖြတ်ပြီးတော့
ဝေယံလင်းထွန်းမှာ စားသောက်ဆိုင် တစ်ဆိုင်သို့ ၀င်၍ ပုန်းလိုက်တော့၏။

ဆိုင်တစ်ဆိုင်သို့ ၀င်ကာ ထိုင်လိုက်လေသည်။ ပြီးနောက် အနောက်ကို တစ်ချက် ကြည့်လိုက်တော့၏။ သူ့နောက် လိုက်နေတဲ့ သူများကို မျက်ခြေပြတ်ပြီ‌ဆိုတော့မှ ဝေယံလင်းထွန်း သက်ပြင်းချနိုင်တော့သည်။

ထိုအချိန်တွင် ဝေယံလင်းထွန်း အနားသို့ ကောင်ငယ်လေး ရောက်လာလေသည်။

"အကို ဘာမှမလဲဗျ" ဆိုကာ ထိုကောင်လေးက မေးလိုက်တေယ့ ဝေယံလင်းထွန်း ထိုကောင်လေးကို ကြည့်လိုက်လေသည်။
ဝေယံလင်းထွန်းမှာ ထိုကောင်ငယ်လေးကို စိုက်ကြည့်နေတော့၏။ လုံး၀ကို စေ့စပ်သေချာစွာ စိုက်ကြည့်နေတာ ဖြစ်သည်။

SOULMATE[Complete]Where stories live. Discover now