သက်ရှိုင်းကိုမှာ အောင်နိုင်သူနှင့် မြင့်မြတ်တို့နား သွားလိုက်လေသည်။

"အကို ကောင်လေးရဲ့ အခြေအနေက ဘယ်လိုလဲ" ဟု
သက်ရှိုင်းကို မေးလိုက်လေသည်။

"အောက်စီဂျင်တော့ ပေးထားတယ်.....ကျန်တာတော့ ဆေးရုံမှ စစ်ကြည့်ရမယ်တဲ့လေ....." ဆိုကာ မြင့်မြတ်က ပြန်ဖြေလာလေသည်။

"ဒါနဲ့ မင်းကော ထိခိုက်မိတာ မရှိဘူလား......" ဆိုပြီး အောင်နိုင်သူမှ သက်ရှိုင်းကိုအား ကြည့်ကာ ပြန်ပေးလိုက်လေသည်။

"ကျွန်တော်က ဘာမှ မဖြစ်ဘူး....... " ဟု သက်ရှိုင်းကို ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် "အကိုတို့..... ကျွန်တော် လိုက်သွားလိုက်အုန်းမယ်" လို့ မြတ်မင်းကို ပြောပြီးတော့ Ambulanceကားနဲ့ ပါသွားလေတော့သည်။

Ambulanceကား‌လည်း ထွက်သွားသလို၊ ရဲကားများမှာလည်း အိမ်ရာအတွင်းကနေ ထွက်သွားကြလေပြီ။ အိမ်ရာရှိ နေထိုင်သူမျမှာလည်း ကိုယ့်တိုက်ခန်းကိုယ် ပြန်ကြလေပြီ။  D-6တိုက်ခန်း‌ရှေ့တွင် မြင့်မြတ်၊ အောင်နိုင်သူနှင့် သက်ရှိုင်းကိုသာ ကျန်ခဲ့လေသည်။ နှင်းလည်း ဘေးနားမှာ ရှိနေတော့တာပေါ့။

"အကိုတို့ ဘယ်လို ရောက်လာကြတာလဲ" ဟု သက်ရှိုင်းကို မေးလိုက်သည်။

"အော်...... မင်းက ထွက်သွားတာလဲ ကြာနေပြီကွာ.... ဘာအကြောင်းမှလည်း မကြားဘူးဆိုတော့ ငါတို့တွေက စိတ်ပူလို့ လိုက်လာခဲ့လိုက်တာ....." ဆိုပြီး အောင်နိုင်သူမှ ပြန်ဖြေလေသည်။

"ပြီးတော့ မြတ်မင်းကလည်း နေရာကို သိ‌နေတာလေ.... မဟုတ်ဘူးလား..... အဲ့တာကြောင့် တစ်ခုခု ဖြစ်နေပြီ ထင်ပြီး ရဲမှူးကြီးဆီ အကူအညီတောင်းပြီး လာခဲ့လိုက်တာ" ဟု မြင့်မြတ်ကပါ ၀င်ပြောလေသည်။

"ဘယ်လိုလဲ...... သက်သေတွေ ရခဲ့ရဲ့လား" ဆိုပြီး မြင့်မြတ်ကဘဲ ထပ်မေးလိုက်လေသည်။

"သက်သေတွေက ကျွန်တော့်အတွက်တော့ ရခဲ့လိုက်တာပေါ့..... ရဲစခန်းအတွက်တော့ သက်သေ ဘယ်ရှိပါတော့မလဲ" ဟု
သက်ရှိုင်းကိုမှာ မျက်နှာ ညိုးငယ်စွာဖြင့် ပြောလိုက်တော့သည်။

SOULMATE[Complete]Where stories live. Discover now