13

6.8K 419 21
                                    

Unicode
********

" ဟေ့ လရောင်ငယ်ကျောင်းမလာတာ တစ်ပတ်ရှိပြီနော်"

"ဟုတ်ပ ၊ဆရာ နေသူရိန်လည်း အလာတာ ကြာပြီ"

"အေးနော် ၊ ဟိုနေ့က ကျောင်းအုပ်ကြီးဆီသွားရင်းနဲ့ ဆရာ့ညီလို့ ပြောတဲ့ အကိုတစ်ယောက်နဲ့ဘတွေ့ခဲ့တယ်၊ နုဖတ်နေတာပဲဟဲ့။ ဆရာနေမကောင်းလို့ ကျောင်းစာလာမသင်ပေးနိုင်တော့ဘူးဆိုပြီး ဆရာ့ပစ္စည်းတွေ လာသိမ်းသွားတယ်"

"ဟုတ်လား"

ကြယ်စင်ထက် သူ့ရှေ့က ကျောင်းသူနှစ်ယောက်ပြောနေတာ နားထောင်ပြီး စိတ်ညစ်သွားသည်။

"ဟိုနေ့ကပဲ ဆရာက လရောင်ဆီ သွားပြီး လူနာမေးမယ်ဆိုပြီး အခုမှ ဘာလို့ ၂ယောက်လုံး ပျောက်သွားရတာလည်း၊ ငါညနေကျ ကျောင်းခိုးပြေးပြီး သွားကြည့်ရင် ကောင်းမလား"

တစ်နေ့လုံး စာသင်နေရသော်လည်း စိတ်မပါ။

တစ်ဖက်တွင်တော့ နေသူရိန် စိတ်ထောင်းကိုယ်ကြေနှင့် ချုံးချုံးကျနေပြီ။

တစ်ပတ်လုံး လရောင်ငယ်ဆီ ဆက်သွယ်လို့လည်းမရ။ သူကိုယ်တိုင် အပြင်ထွက်ကြည့်ချင်ပါသော်လည်း ဖခင်နှင့် စေတမာန်က သူ့ကို အစောင့်၁၀ယောက်လောက်နှင့် အကျယ်ချုပ်ချထားသည်။

"အာဏာစက်"

"ဟုတ်ကဲ့"

"ငယ့်အကြောင်း ဘာသတင်းမှ မရဘူးလား"

"ဟို...."

"ပြော"

"လရောင်က ဂေဟာရောက်နေတာပါ၊ဆရာဝယ်ပေးထားတဲ့ အခန်းထဲကနေ တစ်ပတ်လုံး ထွက်မလာဘူးတဲ့"

"ဘာ.."

"ပြီး..ပြီးတော့ လရောင် ဒီလထဲကို ဆေးယူတာ များနေပြီ၊ ဆရာ့ဘဏ်ကဒ်ထဲကနေ ယူသုံးနေတာ ဒီအပတ်ထဲကို ငါးသိန်းကျော်နေပြီ"

"ဘာ !! သူ့ကို ရအောင်ခေါ်စမ်း၊ အဲ့လောက် သုံးနေတာ သူသေသွားလိမ့်မယ်ကွ၊ ခေါ်မရရင် တံခါးဖျက်ဝင်၊ ကုန်ကျသမျှ ငါပေးမယ် သွား!!!!"

"ဟုတ်ကဲ့"

အာဏာစက် ဂေဟာကိုသွားပြီး လရောင်ငယ်ကို သွားခေါ်လိုက်သည်။

"Moon ...moon.."

ဂေဟာပိုင်ရှင်ဆီက သော့တောင်းလိုက်သည်။

My Lovely Night Bird Boy (Completed)Where stories live. Discover now