Translator's note

Start from the beginning
                                    

သူက သူ့ရဲ့စက်ပစ္စည်းနဲ့ ဆယ်သွယ်ရေးကွန်ရက်ကို ပြင်ဖို့ စွန့်ပစ်ထားတဲ့ အမှိုက်ပုံထဲက တပ်ဆင်သုံးလို့ရသေးတဲ့ အပိုင်းအစလေးတွေကိုသာ ရှာဖို့ပဲ သူတတ်နိုင်တယ်။

စွန့်ပစ်ခံအမှိုက်ဂြိုလ်ပေါ်က နေ့ရက်တွေက အရမ်းရှည်ကြာပြီး ကွေ့ကောက်လွန်းတယ်။ ကံကောင်းစွာနဲ့ပဲ သူ့ကို အဖော်ပြုပေးနေတဲ့ သူငယ်ချင်းလေးတစ်ယောက်ရှိတယ်။

ဟုတ်တယ်။ ဒါပေမဲ့ ဒီသူငယ်ချင်းလေးက နည်းနည်းလေးတော့တုံးတယ်။

ကိစ္စမရှိပါဘူး။ သူကတော်တော်လေးတော့ ချစ်စရာကောင်းတယ်။

အိမ်ကို အောင်ပွဲတွေနဲ့ ပြန်သွားတဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီးဟာ အင်ပါယာမြို့တော်ဂြိုလ်ကို သူ့ရဲ့အိမ်သူသက်ထားလေးကိုပါ ပြန်ခေါ်သွားတဲ့အတွက် ကြယ်အစုအဝေးတစ်ခုလုံးရဲ့ စိတ်ဝင်စားမှုတွေကို နှိုးဆွပေးလိုက်သတဲ့။

သတင်းထောက်တွေက မေးကြတယ်: "ဗိုလ်ချုပ်ကြီးရဲ့ လက်တွဲဖော်ရွေးချယ်တဲ့ အချက်အလက်တွေကို ပြောပြပေးနိုင်မလား။ လူကြီးမင်းကျွမ်းကျိုးရဲ့ ဘယ်အချက်တွေက ဗိုလ်ချုပ်ကြီးကို ဆွဲဆောင်လိုက်နိုင်တာလဲ"

ခဏလောက်စဉ်းစားလိုက်ပြီးတော့ ဗိုလ်ချုပ်ကြီးက ပြောတယ်: "လူတော်တော်များများက ငါ့ကိုငါ့ရဲ့ရာထူးအာဏာတွေကြောင့် ချဉ်းကပ်ကြတယ်။ သူတစ်ယောက်ကသာ ငါနဲ့အတူ အမှိုက်အတူတူကောက်ပေးဖို့ ဆန္ဒရှိတယ်"

ကြယ်အစုအဝေးတစ်ခုလုံး: "????"

ဒါပေမဲ့ အဲဒီအချိန်က ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားလေးဟာ တိတ်တိတ်လေး သူ့ကိုယ်သူ ပိုက်ထွေးနေတယ်။

မကောင်းတော့ဘူး! သူ ကမ္ဘာပေါ်ကို သက်ဆင်းလာတုန်းက မမျှော်လင့်ထားတဲ့ဟာတစ်ခုခုတော့ ဖြစ်သွားတာဖြစ်ရမယ်!

ကြည့်ရတာ သူတစ်နည်းနည်းနဲ့ ကြယ်တာရာအစုအဝေးခေတ်ကို ရောက်လာခဲ့တာဖြစ်ရမယ်။

-Zawgyi-

Translator's note:

Akira ဒါလေးကို ရှေ့ပိုင်း ၅ ပိုင်းလောက် ဖတ်ပြီး စိတ်ဝင်စားလို့ ကိုယ်တိုင်ဖတ်ရင်း ပြန်မလို့ စဉ်းစားထားတာပါ။ fantasy, scifi အမျိုးအစားဆိုတော့ မရင်းနှီးတဲ့ အသုံးအနှုန်းတွေ ပါပါတယ်။ ပြန်ကြည့်ပြီး ဖတ်လို့အဆင်ပြေရင် ပြီးတဲ့အထိ ဆက်ပြန်ပေးပါမယ်နော်။ အင်္ဂလိပ်ဘာသာပြန် Hanji ကို twitter ကနေ သွားပြောထားတော့ သူက ခွင့်ပြုပေးထားပါတယ်။ သည်းခံပြီး ဖတ်ပေးမယ်ဆိုရင် ကျေးဇူးအများကြီးတင်တာပေါ့။ တခြား ဘာသာပြန်ထားတဲ့သူ တွေ့ရင်လည်း ပြောပါ။ အဆင်မပြေရင် ပြန်ဖျက်ပေးပါ့မယ်။ အောက်မှာ Novel update က intro လေး တင်ပေးထားပါတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now