"ဘာဖြစ်လို့လဲ၊ ဘာဖြစ်တာလဲ?"

စောစောလေးက အော်လိုက်တဲ့ကောင်မှာ ခေါင်းထောင်လာပြီး ကြောက်ကြောက်လန့်လန့်ပြောသည်။

"အဆင့်တွေ! ခုလေးတင် ငါ့အမေဆီပို့လိုက်တာ!"

"ဘာ!!"

"F*ck!!"

"ငါတော့ သေပြီ!!"

ဗီလာမှာ ရုတ်ခြည်းဆိုသလို အော်သံတွေနှင့်ဖုံးအုပ်သွားတယ်၊ အားလုံးရဲ့မျက်နှာအမူအရာတွေ တညီတညွတ်တည်း ထိတ်လန့်နေဟန်တွေ။

ကျောက်ချန် : "ငါမကြည့်ရင် ငါမမြင်ဘူး မသိဘူးပဲ၊ မမြင်ရင် မပို့ရသေးတာနဲ့အတူတူပဲ၊ မင်းတို့‌ကောင်တွေ....f*ck! အကုန်ကြည့်နေကြတာပဲ! ဖုန်းတွေကို အောက်ချထားလိုက်စမ်း!"

ဘယ်လိုမှမရတော့ပါ။ သူတို့အဆင့်တွေကို သူတို့မသိချင်ဘူးဆိုပေမယ့် သိလည်းသိချင်တယ်။

ကျန့်ယောင်ကတော့ အေးအေးဆေးဆေးပဲ မှတ်ချက်ပြုလိုက်သည်။

"အိုး? မင်းတို့အဆင့်တွေလား? စာမေးပွဲမှာ ဘယ်လိုတွေလုပ်ခဲ့ကြလဲ ငါလည်းကြည့်ပါရစေဦး၊ ကျရင်ဖြစ်လာမယ့်အကျိုးဆက်ကိုတော့ သိတယ်နော်?"

လေထုဟာ ချက်ချင်း အကြောက်တရားတွေနဲ့ ဖုံးလွှမ်းလာသည်။

"F*ck f*ck f*ck ဗုဒ္ဓော ကျွန်တော်မျိုးကို ဆောင်မ ကာကွယ်တော်မူပါ amen"

ကျောက်ချန်ကတော့ ဖုန်းကိုရင်ဘတ်မှာကပ်ကာ ကြက်ခြေခတ်သဏ္ဍာန်လုပ်ပြီး ပါးစပ်ကလည်း ရှေ့နောက်မညီစွာ ဗလုံးဗထွေးနှင့် ဘယ်ဘုရားကို ဆု‌တောင်းလို့တောင်းမှန်းမသိ ဆုတောင်းနေလေရဲ့။ နောက်တော့ လက်တွေတုန်တုန်ရီရီနဲ့ သူဖုန်းကိုကြည့်တယ်။

Eighth Highမှာက အဆင့်တွေရမှတ်တွေကို ကျောင်းသားတစ်ဦးချင်းစီဆီ ပို့ပေးလေ့ရှိတယ်။ ဘာသာရပ်တစ်ခုစီရဲ့ရမှတ်တွေ အတန်းလိုက်အဆင့်တွေဟာ တစ်ချက်ကြည့်ရုံနဲ့တင် ရှင်းလင်းနေသည်၊ နှလုံးဆီကို တည့်တည့်ပစ်၀င်လာတဲ့ လျှပ်တပြက်ရိုက်ချက်မျိုး။

"၇၂တဲ့...ငါတော့သေပြီ..."

ကျောက်ချန်တစ်ယောက် ကိုယ့်အဆင့်ကိုယ်တွေ့လိုက်ရပြီးချိန်မှာတော့ သူ့ရင်ဘတ်ထဲက မျှော်လင့်ချက်အပိုင်းအစလေးဟာ ဖုန်မှုန့်အဖြစ် လွင့်ပြယ်ရချေပြီ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now