သူတို့ကိုနှလုံးခုန်မြန်လာစေတာမျိုးဆိုတာ အခုလိုစကားမျိုး။ ခြိမ်းခြောက်မှုတစ်ရပ်လို့ပင် ဆိုရမလားပဲ။

...

မိနစ်နှစ်ဆယ်စာ ဦးနှောက်ဆေးသွားတဲ့ စကားဝိုင်းလေး ပြီးသွားသည့်နောက် ကျောင်းသားတွေမှာ လန့်ဖျပ်ထုံထိုင်းနေမိကြသည်။

ကျန်းခဲ့ : "လောင်ဝူရဲ့ အလိမ်စကေးတွေကတော့ ပိုပိုပြီး တော်လာပါလားပဲ...တရုတ်ဘာသာရပ်ဆရာလို့ကို မပြောရဘူး၊ အလိမ်အညာတွေလည်း လုပ်ကြံ‌ပြောတတ်တာပဲ''

သူခေါင်းလှည့်လိုက်တော့ ကျန့်ယောင်က ရင်းချဲယ်အား လွယ်အိတ်ကနေတစ်ဆင့် အတင်းဆွဲနေသည်ကို လှမ်းတွေ့လိုက်ရသည်၊ နောက်ကတစ်ယောက်ကတော့ လိုက်ချင်ပုံနည်းနည်းမှရှိဟန်မတူ။

"ရပ်စမ်း!"
ကျန်းခဲ့ ၀င်ရှည်လိုက်သည်။
"ငါတို့ချဲယ်ကောကို ဘယ်ခေါ်သွားဖို့တွေးနေတာလဲ?"

ဟန်မုန့်ကလည်း လှည့်ကြည့်လာကာ :
"ဟုတ်တယ်၊ ချဲယ်ကောက အိမ်ပြန်မလို့မဟုတ်လား၊ မင်းကသူ့ကိုဘာလုပ်တာလဲ?"

ကျန့်ယောင် : "ဒါက ငါတို့ရဲ့ လျှို့ဝှက်ချက်လေ၊ ဘယ်သူ့မှပြောမပြဘူး"
ပြောပြီးနောက် ရင်းချဲယ်ရဲ့လွယ်အိတ်သိုင်းကြိုးကနေဆွဲကာ စာသင်ခန်းထဲကနေ အတင်းဆွဲထုတ်သွားတော့သည်။

ကျန်းခဲ့က မေးကိုသပ်ကာ တွေးဆဆနှင့်ပြောသည်။
"ခုနောက်ပိုင်း ဒီနှစ်ယောက် ထူးဆန်းနေတယ်လို့ မင်းမထင်ဘူးလား?"

ဟန်မုန့် : "ဟုတ်တယ် နည်းနည်း၊ အရင်က ကျန့်ယောင်က ပိုင်ယွိဝေကိုလိုက်နေတာမဟုတ်ဘူးလား? ဘယ်လိုဖြစ်လို့အဲ့သတင်းတွေက လုံးဝရပ်သွားတာလဲမသိဘူးနော်၊ ခုကျတော့လည်း ရင်းချဲယ်နဲ့ပဲ တစ်နေကုန်တပူးပူးတတွဲတွဲ"

ကျန်းခဲ့ : "မင်းထင်လား အဲ့‌ဒါက.....''

ဟန်မုန့် : "မဖြစ်နိုင်ဘူး"

ကျန်းခဲ့က ထပ်ပြောသည်။ "ဒါဖြင့် မင်းထင်လား အဲ့ဒါ..."

ဟန်မုန့်က ထပ်၍ဖြတ်ပြောပြန်သည်။
"မဖြစ်နိုင်ဘူး"

ကျန်းခဲ့က ဆောင့်ဆောင့်အောင့်အောင့်ပြောတော့သည်။
"ငါပြောလို့တောင် မပြီးသေးဘူးလေကွာ"

Pay Attention To Me [Myanmar Translation]Where stories live. Discover now