“တော်ကြပါတော့”
ရင်းချဲယ်က မျက်မှောင်ကျုံ့တယ်။ နားထင်တွေကိုဖိနှိပ်ရင်း သူ့အမူအရာမှာ ခုနကထက်နည်းနည်းပြေလျော့လာတယ်။
“ငါအဆင်ပြေတယ်”

Class 1က ကျောင်းသားအများစုမှာ အစကတော့ဘအပြင်မှာ လက်ရန်းကိုမှီရင်း နှင်းကြည့်နေကြတာဖြစ်သည်၊ သို့ပေသည့် ရင်းဇယ် အနောက်တံခါးကဝင်လာပြီး အသံမြှင့်ပြောဆိုလိုက်မှုကြောင့် လူတွေရဲ့ အာရုံကိုဆွဲဆောင်လိုက်မိသွားသည်။ အပြင်ကကြားတဲ့ကျောင်းသားတွေဟာ သိချင်သွားကြပြီး အခန်းထဲပြန်ဝင်လာကြတယ်။

“ဘာလို့မင်းပဲဖြစ်နေပြန်တာတုန်း”
ဟန်မုန့် ရောက်လာတယ်။
“အရင်တစ်ခေါက်က ငါတို့မော်နီတာကို အနိုင်ကျင့်ပြီး ခုကျ ငါတို့အတန်းရဲ့အချစ်တော်‌လေးကို အနိုင်ကျင့်ပြန်ပြီလား?”

“....အတန်းအချစ်တော်?”
ရင်းဇယ်က နှာမှုတ်ကာ :
“ယုတ္တိမရှိလိုက်တာ၊ မင်းတို့ပဲ သူနဲ့ခပ်ဝေးဝေးနေကြတာမဟုတ်ဘူးလား?”

ဟန်မုန့် : “အဲ့ဒါအရင်တုန်းကပါ၊ အခု ငါတို့ထဲက ကြိုက်တဲ့အတန်းဖော်ကိုမေးကြည့်လိုက်၊ သူ့ကိုအဖိုးတန်ရတနာလေးတစ်ပါးလို့မဆက်ဆံပဲနေတဲ့သူ ဘယ်သူရှိလဲလို့?”

အရှေ့တန်းတွင် တိတ်တိတ်လေး စာလုပ်နေသည့် ရန်းရီလဲ့က ‌လှည့်ကြည့်လာပြီး ရှက်သွေးဖြာရဲတက်နေတဲ့မျက်နှာနှင့် ပြောသည်။
“အဲ့ဒါဟုတ်တယ်! ရင်းချဲယ်ကို ငါ-ငါအများကြီး သဘောကျတယ်...”
ပြောရင်းပြောရင်း ရှက်လာတာကြောင့် သူ့အသံမှာတိမ်၀င်သွားသည်။

ရင်းချဲယ် နည်းနည်းတော့ အံ့သြသွားသည်။ သူ့ဆီကိုခေါင်းငြိမ့်ပြလိုက်ကာ :
“ကျေးဇူး”

“ကိ-ကိစ္စမရှိပါဘူး....”
ရန်းရီလဲ့မျက်နှာက ပိုပိုရဲလာပြီး ချက်ချင်းပဲရှေ့ပြန်လှည့်သွားတော့သည်။

သူ့နောက်ကနေ ကျန်းခဲ့ကလည်း ချက်ချင်းလိုက်ပြောလာသည်။
“အမှန်ပဲ ချဲယ်ကောက ငါ့ရတနာလေး ချဲယ်ကောရဲ့မှတ်စုတွေက ငါ့ရတနာထဲက ရတနာတွေပဲ!”

ကျိုးဟောက်လျန် : “ချဲယ်ကောက တကယ့်ကို အဖိုးတန်ကောင်လေး၊ မနေ့တုန်းက ငါ့ကိုစာရှင်းပြတုန်းကဆို သူ့တွေးပုံတွေးနည်းတွေက ရှင်းလင်းနေတာပဲ!”

Pay Attention To Me [Myanmar Translation]Where stories live. Discover now