Chapter - 24

2.4K 477 23
                                    

Unicode

၅၃၂။ ပြိုင်ဘက်ကင်းသိုင်းပညာ၏တစ်ကျော့ပြန်လာခြင်း!
__________________

သူမခန္ဓာကိုယ် ပေါက်ကွဲသွားတော့မယ်လို့ နဉ်ရှု တွေးလိုက်ချိန်မှာပင် ပြိုင်ဘက်ကင်းသိုင်းပညာကြောင့်ဖြစ်တည်လာတဲ့နဂါးက စိတ်ဝိဉာဉ်စွမ်းအင်တွေကို အလျင်အမြန်စတင်စုပ်ယူတော့သည်။ နဂါးက ပိုကြီးလာပြီး သူမရဲ့ဒန်တျန်းတစ်ခုလုံးမှာ နေရာယူထားတော့မလိုဖြစ်လာသည်။

သို့သော်ငြား နဂါးက စွမ်းအင်တွေကို ဆက်စုပ်ယူနေတာနဲ့အမျှ သူ့ကိုယ်က တဖြည်းသေးသွားကာ ကျစ်လျစ်သိပ်သည်းတဲ့ ရွှေရောင်နဂါးလေးတစ်ကောင်ဖြစ်သွား၏။ သူမရဲ့ဒန်တျန်းထဲကူးခတ်နေတဲ့နဂါးက တကယ့်နဂါးအတိုင်းပင်။

စိတ်ဝိဉာဉ်အဆီအနှစ်ကရတဲ့စိတ်ဝိဉာဉ်စွမ်းအင်တွေအားလုံး စုပ်ယူခံလိုက်ပြီး အစအနလေးတောင်မကျန်ခဲ့ချေ။

နဉ်ရှု ကြောင်သွားသည်။ ဒီစွမ်းအင်က အရမ်းသန်မာလိမ့်မယ်လို့ သူမ တစ်ခါမှမတွေးမိခဲ့ဖူးဘူး။ ပြိုင်ဘက်ကင်းသိုင်းပညာကို မင်းသမီးတစ်ယောက်အတွက် ပြန်တိုက်ခိုက်ပေးနေတုန်းက သူမရခဲ့တာ။ အဲ့ဒါက သူမ အဆင့်နိမ့်ကမ္ဘာတစ်ခုကနေရခဲ့တဲ့အရာဖြစ်ပြီး နာမည်ကြီးကလည်း အဓိပ္ပာယ်မရှိဘူး။ သူမမှာ ပိုကောင်းတာမရှိတာကြောင့်သာ အဲ့ဒါကို သုံးခဲ့တာ။ ပြိုင်ဘက်ကင်းသိုင်းပညာက ဒီလောက်အစွမ်းထက်နေလိမ့်မယ်လို့ သူမ မျှော်လင့်မထားမိဘူး။

[T/N : Realm - 2မှာ နဉ်ရှုက ပြိုင်ညက်ကင်းသိုင်းပညာစာအုပ်ကိုရခဲ့တာပါ။]

ဒါက သူမထင်ထားတာတွေထက် ကျော်လွန်နေတယ်။ ထင်တဲ့အတိုင်း အရိုးရှင်းဆုံးနဲ့ အဆင့်အနိမ့်ဆုံးအရာတွေကတောင် မင်း အဲ့အရည်အချင်းတွေကို လုံလောက်အောင်လေ့ကျင့်ရင် အရမ်းစွမ်းအားကြီးလာနိုင်တယ်။

ဝေ့လျန်ယွဲ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ပြိုင်ဘက်ကင်းသိုင်းပညာထက်ပိုကောင်းရမှာ၊ ဒါပေမယ့် အဆုံးမှာတော့ သူမရဲ့အသက်ကိုကယ်ခဲ့တာက ပြိုင်ဘက်ကင်းသိုင်းပညာရဲ့စွမ်းအင်ပဲ။

လေလျှပ်စီးလင်းယုန်က နဉ်ရှုရဲ့ခေါင်းထက်မှာပျံဝဲရင်း စိုးရိမ်တကြီးအော်မြည်နေခဲ့သည်။ နဉ်ရှုသေရင် သူလည်းသေမှာ။

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now