Chapter - 15

2.5K 481 6
                                    

Zawgyi

၅၂၃။ မင်း ငါ့ကို ဘယ်လိုတောင်အလစ်တိုက်ရဲရတာလဲ!?
____________________

နဉ်ရှုက ဒီမိန်းကလေးကို ထပ်ပြီးအရေးမစိုက်ချင်တော့ဘဲ သူမကို ကျော်သွားဖို့လုပ်လိုက်သည်။ ရှဲ့ယွီက နဉ်ရှုဆီလျှောက်လာကာ သူ့လက်ကို နဉ်ရှုပခုံးပေါ်တင်သည်။ သူ့လက်က အတော်လေးတာမို့ နဉ်ရှုမှာ ဒူးထောက်ဖို့ ဖိအားအပေးခံရတော့မလိုဖြစ်သွားသည်။

"ဒီကအစ်ကို၊ ခင်ဗျားက မိန်းက‌လေးတွေနဲ့စကားပြောတာမှာ နည်းနည်းကြမ်းတမ်းလွန်းနေတယ်ဗျာ။"

ရှဲ့ယွီက ညင်သာစွာဆိုလာသည်။

"မိန်းကလေးတိုင်းက ကာကွယ်ပေးခံရဖို့နဲ့ တန်ဖိုးထားခံရဖို့ ထိုက်တန်တယ်ဗျ။"

"ဂိုဏ်းတူအစ်ကိုရှဲ့။"

ရန်ကျောင်းကခေါ်သည်။

"အဲ့လူက တကယ်ကိုအရမ်းရွံစရာကောင်းလွန်းတယ်!"

နဉ်ရှုက ရှဲ့ယွီကိုကြည့်လိုက်သည်။ သူ့မှာ အင်မတန်ချောမောပြီးကြည်လင်ရွှင်ပျသည့်ရုပ်ရည်ရှိသော်ငြား အေးစက်စက်လူသတ်လိုစိတ်တို့က သူ့မျက်ဝန်းတွေထဲ တလက်လက်တောက်ပနေ၏။ ဒီလူသတ်လိုစိတ်တွေက သူမဆီကို တန်းတန်းမတ်မတ်ရောက်လာသည်။

လီး၊ လေးလိုက်တာ။ သူမ ဒူးထောက်ရတော့မလိုဖြစ်နေပြီ။ နဉ်ရှု ချက်ချင်းပင်ညည်းညူလိုက်မိပြီး မြေပေါ်ကို ဒူးတစ်ဖက်ထောက်ကျသွားသည်။ သူမရဲ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး သူမက ရှဲ့ယွီကို လက်ညှိုးထိုးကာအော်တော့သည်။

"မင်းက ရက်စက်လွန်းတယ်! မင်း ငါ့ကို ဘယ်လိုတောင်အလစ်တိုက်ရဲရတာလဲ!? ငါ့ပခုံး ကြေတော့မလို့ပဲ!"

ရှဲ့ယွီက စိတ်ရှုပ်ထွေးကာဖြင့် သူ့လက်သူပြန်ကြည့်၏။ လူတွေအများကြီးက ဒီဘက်ကိုလှမ်းကြည့်နေပြီး အဲ့အသုံးမကျတဲ့အမှိုက်ကောင်က နာကျင်နေရသလိုနဲ့ မြေပေါ်မှာ တကယ်ကြီးလူးလှိမ့်နေတာကိုမြင်တဲ့အခါ သူ့အမူအရာက အထင်သးမှုတွေနဲ့ပြည့်သွားတော့သည်။ ဒီလူက တကယ့်အမှိုက်ပဲ။ ရှစ်ဟွေ့တိ ဒီလူ့ကို လက်မထပ်ရတာ ကောင်းတယ်၊ မဟုတ်ရင် သူမဘဝတော့ ပျက်စီးပြီ။

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now