Chapter - 8

2.6K 428 18
                                    

Unicode

၅၁၆။ လက်တစ်ဖက်သူရဲကောင်းလိုပဲ
___________________

"အဖေ၊ သူက ကျွန်တော့်စာချုပ်သားရဲလား?"

နဉ်ရှုမှာ လက်တစ်ဖက်ဓားသမားရန်ကော်နှင့်သူ့လင်းယုန်ငှက်ကြီးကို စိတ်ထဲတွေးမိရင်း လင်းယုန်ကို လက်ညှိုးထိုးမိရသည်။ သူမ ဒိလင်စယုန်ကို လုံးဝမလိုချင်ပါဘူးနော်!

[T/N : ကျင့်ယုံ၏ The Return of the Condor Herosမှ ရန်ကော်။ မြန်မာမှာတော့ သိမ်းငှက်သူရဲကောင်းလို့သိကြပါတယ်။ Oh god! eagleက လင်းယုန်လားသိမ်းငှက်လားတောင် မသဲမကွဲဲဖြစ်သွားမိ။ လင်းယုန်နဲ့ သိမ်းငှက်က မတူဘူးလားလို့။ ဒါဆို ရန်ကော်က ဘယ်လိုလုပ်သိမ်းငှက်သူရဲကောင်းဖြစ်နေ -_-]

ဝေ့မင်က လင်းယုန်ရဲ့တောင်ပံတွေကိုပုတ်ကာဆိုသည်။

"ဒါက လေလျှပ်စီးလင်းယုန်ပဲ။ သူ့မှာ ရှေးဟောင်းသာ့ဖန်သွေးနည်းနည်းပါလို့ အရမ်းမြန်တယ်။ မင်း အန္တရာယ်ကြုံရင် ဒီလေလျှပ်စီးလင်းယုန်က မင်း လွတ်မြောက်အောင်ကူညီပေးနိုင်တယ်။"

[T/N : သာ့ဖန်က ငါးကြီးကနေ ငှက်ကြီးအဖြစ်ပြောင်းသွားတဲ့ ဒဏ္ဍာရီလာငှက်ပါ။]

အဖိုးကြီးဝေ့က သူ့သားဘယ်လိုဆိုတာ သေသေချာချာသိထားပြီးပုံရသည်။ စာချုပ်သားရဲပြင်ပေးတာတောင်မှ သူက သူ့သားအသက်ဘေးကထွက်ပြေးရာမှာ ကူညီပေးနိုင်သည့် သားရဲကိုရဖို့ အသေအချာလုပ်ဆောင်ခဲ့သည်လေ။

"လျန်ယွဲ့၊ မင်းရဲ့ဝိဉာဉ်အသိစိတ်ကိုထုတ်ပြီး လေလျှပ်စီးလင်းယုန်ရဲ့ဝိဉာဉ်မှာ တံဆိပ်နှက်လိုက်။"

အဖိုးကြီးဝေ့က လေလျှပ်စီးလင်းယုန်ခုခံတာကိုကာကွယ်ဖို့ကူညီဖိနှိပ်ပေးရင်းပြောသည်။

နဉ်ရှုက သူ့ကို ဘာမှမသိသည့်အမူအရာဖြင့်ကြည့်သည်။

"ဘယ်လိုလုပ်ရမှာလဲ?"

အရင်က ဒီလိုကမ္ဘာမျိုးကို တစ်ခါမှမရောက်ဖူးတာဖို့ ဝိဉာဉ်သားရဲနဲ့ ဘယ်လိုစာချုပ်ချုပ်ရမလဲဆိုတာ သူမ တကယ်မသိပေ။ ထပ်ပြောရမည်ဆို မူလခန္ဓာရှင်သည်လည်း ဒါနဲ့ပတ်သက်တာ ဘာတစ်ခုမှမသိချေ။

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now