Chapter - 4

3K 440 2
                                    

Unicode

၅၁၂။ လောကကြီးထဲက အလုံးစုံသောနွေးထွေးမှုနဲ့အေးစက်မှုတွေ
________________

ဒီကမ္ဘာရဲ့အဓိကဇာတ်ကောင်က ရှဲ့ယွီလို့ခေါ်တဲ့ သက်တန့်ဂိုဏ်းတပည့်ပင်။ သူက ကံကောင်းမှုတွေအများကြီးနဲ့အမျိုးသားဇာတ်လိုက်ဖြစ်၏။ သူ့ရဲကျင့်ကြံဆင့်က cheatတွေတပ်ထားတဲ့အတိုင်း တဟုန်ထိုးတိုးတက်နိုင်ပြီး သူက သူ့ကျင့်ကြံဆင့်အထက်ကလူတွေကိုတောင် အနိုင်ယူနိုင်သည်။ ပါရမီရှင်တွေအားလုံးက သူ့ရဲ့အလဲထိုးအနိုင်ယူမှုကို ချက်ချင်းခံရပြီး ကြုံကြိုက်ခဲတဲ့တွေ့ဆုံတိုက်ခိုက်မှုတွေအားလုံးက သူ့ကို ရတနာတွေအပုံလိုက်ကြီးပေးသည်။

ထူးချွန်တဲ့အမျိုးသားတွေရဲ့ဘေးမှာ အမျိုးသမီးတွေအများကြီး ဝိုင်းဝိုင်းလည်နေမှာ အသေအချာပင်ဖြစ်၏။ ရှစ်ဟွေ့တိသည်ပင် ဒီဂိုဏ်းတူမောင်လေးရဲ့ခံ့ညားထည်ဝါမှုကြောင့် အသက်ရှူမှားသွားရသည်။ ရှဲ့ယွီက အမျိုးသမီးတွေအားလုံးအပေါ် အရမ်းနူးညံ့ပြီး တစ်ယောက်ချင်းစီကို ချစ်ခင်မြတ်နိုးမှုတွေနဲ့ဆက်ဆံတတ်တာကြောင့် သူက တံဆိပ်ခေါင်းတွေကို အရှိန်အဟုန်နဲ့စုဆောင်းနေသည့်နှယ် သုံးထောင်သောအလှလေးတွေနဲ့မောင်းမဆောင်ကြီးကို တည်ဆောက်နိုင်ခဲ့လေ၏။

ရှဲ့ယွီက ဒီမသေမျိုးနှယ်အေးစက်တင့်တယ်သည့် ရှစ်ဟွေ့တိကိုလည်း သဘောကျသည်။ သူ့ဂိုဏ်းတူအစ်မရဲ့သတို့သားလောင်းက ဒီလိုလူမျိုးဆိုတာကို သိရတဲ့အခါ သူက ရှစ်ဟွေ့တိကို သနားသွားပြီး သူရတဲ့ရတနာတွေထဲက သူမရဲ့ကျင့်ကြံမှုကို အကူအညီဖြစ်စေမယ့်ပစ္စည်းတွေကို စပေးတော့သည်။

ပထမတော့ ရှစ်ဟွေ့တိက ငြင်းပါသေးသည်။ သို့သော်လည်း သူမသည် ရှဲ့ယွီပြောခဲ့သည့်စကားတစ်ခွန်းကြောင့် စိတ်လှုပ်ရှားသွားခဲ့လေ၏ : အစ်မ လုံလောက်အောင်သန်မာမှ အစ်မရဲ့ဘဝက အစ်မကိုကြိုးကိုင်ခြယ်လှယ်နေတာတွေကနေ လွတ်မြောက်နိုင်လိမ့်မယ်။

ရှစ်ဟွေ့တိက မူလခန္ဓာပိုင်ရှင်ဝေ့လျန်ယွဲ့ကို မကြိုးစားတဲ့အတွက်မုန်းသည်။ သူ့မှာ သူ့ကိုကူညီဖို့ အထောက်အပံ့ပစ္စည်းတွေအများရှိတာ သိသာနေပေမယ့် သူက ကြိုးစားမှုတွေအားလုံးကို စွန့်ပစ်လိုက်တယ်။ ဒီလောကကြီးက အရမ်းကြမ်းတမ်းပြီး အင်အားမရှိတဲ့လူတွေမှာ စကားပြောခွင့်မရှိဘူး။ ဒါကြောင့် နောက်ပိုင်းမှာ သူမနဲ့ဝေ့လျန်ယွဲ့ရဲ့ကြားကကွာခြားချက်က ပိုပြီးပဲကြီးမားလာလိမ့်မယ်။

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now