အပိုင်း(၉၁)

Começar do início
                                    

ဒါပေမဲ့ ယန်မိန်က စာအလုပ်ဆုံး စာအကြိုးစားဆုံးဆိုတာကိုတော့ သံသယဖြစ်စရာမရှိဘူး။ သူမကြိုးစားတာက ပထမနှစ်တုန်းက ချောင်လန်ကြိုးစားခဲ့တာနဲ့တောင် ယှဥ်လို့ရတယ်။

ယန်မိန်က နေ့ရောညရော စာလုပ်တယ်။ ပြီးတော့ သူမက အမြဲတမ်းစာသင်ခန်းထဲက နောက်ဆုံးမှထွက်လေ့ရှိတယ်။ အဲ့တာတောင်မှ သူမက နေ့လည်စာနားချိန်မှာ မေးခွန်းတွေကို ပြန်ပြီးလေ့ကျင့်သေးတယ်။ ပြီးတော့ ညမှာလဲ မအိပ်ခင်မှာ မေးခွန်းတွေပြန်လုပ်တယ်။ ရှန်းရှောင်ဟန်က သူမသူငယ်ချင်းတွေကို အဆောင်ခန်းထဲကို ခေါ်ခေါ်လာတယ်လေ။ သူတို့၃ယောက်က နေကြာစေ့တွေ ကွာစေ့တွေစားရင်းနဲ့ စကားတွေပြောကြတာ။ ပြီးတော့ သူတို့အသံတွေကလဲ တိုးနေတာ မဟုတ်ဘူး။

အဆောင်ကတစ်ခြားသူတွေနဲ့ ရှန်းရှောင်ဟန်က ဆက်ဆံရေးသိပ်မကောင်းကြဘူး။ ဒါပေမဲ့ ဒီကောင်မလေး၂ယောက် သူမတို့ အဆောင်ခန်းကိုလာလာနေတာ ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့တော့ ကိစ္စကြီးဖြစ်သွားပြီ။ ဖြစ်ချင်တော့ ဒီနေ့ ယန်မိန်က အဆောင်ခန်းထဲမှာ ရှိနေတာလေ။ ပြီးတော့ သူမက သူတို့ရဲ့ ဆက်တိုက်စကားများနေကြတာကို သည်းမခံနိုင်တော့တဲ့အဆုံး ရှန်းရှောင်ဟန်နဲ့ ရန်ဖြစ်တော့တာပေါ့။ သူမက ရှန်းရှောင်ဟန်ကို နည်းနည်းလောက်တိုးပေးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ရှန်းရှောင်ဟန်က ဘာပြန်ပြောလိုက်လဲတော့ ချောင်လန်လဲ မသိဘူး။ သူတို့၂ယောက်က ရန်စဖြစ်ကြတော့တာပဲ။

ချောင်လန်နဲ့ ပိုင်ယွီတို့ ပြန်လာတော့ သူတို့၂ယောက်က ရန်ဖြစ်နေကြတာ အကြာကြီးရှိနေပြီလေ။ ပြီးတော့ ရန်ဖြစ်ရတဲ့ အကြောင်းရင်းက ရှန်းရှောင်ဟန်က အဆောင်ကသူတွေကသူမကို ဝိုင်းပယ်ထားကြတယ်၊ သူမသူငယ်ချင်းတွေတောင် လာလည်လို့မရဘူး လို့ ပြောတဲ့အဆင့်ထိကို ရောက်သွားပြီ။ ယန်မိန်ကလဲ ရှန်းရှောင်ဟန်ကို တိုက်ရိုက်မေးလိုက်တယ်။ ဘာလို့သူမကိုဝိုင်းပယ်ထားကြတာလဲ တစ်ခုခုစိတ်ထဲပေါ်လာတာ မရှိဘူးလား လို့ပေါ့။

ရှန်းရှောင်ဟန် မျက်နှာထားက မဲမှောင်သွားတယ်။

ရှန်းရှောင်ဟန် တစ်ကယ်နားမလည်ဘူး။ သူမအဆောင်ကို ပထမဆုံးလာတဲ့အချိန်ကစပြီး သူမက အားလုံးနဲ့ ဆက်ဆံရေးကောင်းအောင်လို့ နည်းမျိုးစုံကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဘယ်သူကမှ အဲ့တာကို တန်ဖိုးမထားကြဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Onde histórias criam vida. Descubra agora