ကျန့်ကျန့် အမှားလဲမဟုတ် ကိုယ့်မှာ ချွဲဖို့ ရည်းစားလေးရှိ လို့ ချွဲတာလေး ဒါကို faကောင်ဖြစ်တဲ့ ဟောက်ရွှမ်းက ခံပြင်းနေတာ

စော် မရှိလဲ မရှိပေါ့ ဘာတွေဖြစ်နေမှန်းကို မသိဘူး

ထိုအခါ မုန့်ထုပ်လေးကိုင်ပီ အခန်းထဲ ဝင်လာတဲ့ ကျိယမ်းက နှစ်ယောက်ရဲ့ရန်သက်ပွဲလေးကို ကြည့်ပီ ပြုံးလိုက်တယ်

ကျိယမ်း: "မင်းတို့နှစ်ယောက်ဟာလေး...မတွေ့ကြရင် ရှာကြတယ် တွေ့ကြရင်လဲ သတ်ကြပြန်ရော ”

တံခါးဝကနေ လာတဲ့အသံကြောင့် ဟောက်ရွှမ်း ထလာကာ ကျိယမ်းကို ပြေးဖက်လိုက်သည်

ဟောက်ရွှမ်း: "နောက်ဆုံးတော့သည်းတုံး ရောက်လာပီ.....ကိုယ်လွမ်းနေတာ ဟင့်”

ဟောက်ရွှမ်းရဲ့ စနောက်နောက် စကားတွေနဲ့ ကျန့်ကျန့်အော်ရီလိုက်တယ်

"ဟား ဟား ချွဲမယ့်သူမရှိတော့ နောက်ဆုံး ကျိယမ်းကို သွားချွဲတာပဲ ”

ဟောက်ရွှမ်း: "ရှောင်းကျန့်...ပိစွေ့(ပါးစပ်ပိတ်ထား)”

ကျန့်ကျန့်လဲ ပြောင်ပြရင်း ဖုန်းကြည့်နေသည်

ကျိယမ်း: "ကဲ့ ဟောက်ရွှမ်း အရူးထမနေနဲ့တော့ ငါ အသက်ရှူကြပ်တယ် လွှတ်အုံး”

ထိုအခါ မှ ဟောက်ရွှမ်းလဲ ကျိယမ်းကိုလွှတ်လိုက်ပီ ကျိယမ်းလက်ထဲက မုန့်ထုပ်လေးကို လှမ်းယူလိုက်သည်

ဟောက်ရွှမ်း:  "ဘယ်သူမှ မကောင်းကြဘူး....မုန့််စားတာပဲ ကောင်းတယ်”

ကျိယမ်း ပြုံးရင် အနောက်ကနေ လိုက်လာခဲ့သည်

ခဏနေ ရှောင်းကျန့်ဆီမှ ထွက်လာတဲ့အသံ

"ဟုတ်တယ် ဘယ်သူမှမကောင်းဘူး.... စောက်အဖိုးကြီးလဲ မကောင်းဘူး အသံပို့ထားတာ ကြာပီ အခုထိမကြည့်သေးတာ ဘာလဲ လူကို အလေးမထားခြင်းတာလာ”

ဟောက်ရွှမ်း: "ရှောင်းကျန့် မင်းဟာလေး ပြသနာကို မီးထွန်းရှာ ဟိုက အစည်းဝေးလုပ်နေတယ်လို့ မင်းကို ကြိုတင် လျှောက်တင်ထားတာပဲမလာ တကယ့်ကိုပဲ ဦးရိပေါ်ကိုလဲ သနားပါအုံးဟယ် ”

💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼Όπου ζουν οι ιστορίες. Ανακάλυψε τώρα