ကျွန်းပေါ်တွင် (နောက်ကြောင်းပြန် 4 )

Start from the beginning
                                    

အချိန်တေကို 2နှစ်လောက် ကျော်ပစ်လို့ရရင် အကောင်းသား.. ။

************************************

မင်းသစ် အနောက်ကခွေးရူးလိုက်ဆွဲခံရသလိုမျိုး ခြေထောက်နဲ့တင်ပါး တသားထဲကျအောင်ပြေးသွားနေရင်း.... ။

လက်ပတ်နာရီကို ငုံ့ကြည့်ငုံ့ကြည့်ုဖြင့်...

မင်းသစ် - ချီး... နောက် 3minsပဲလိုတော့တယ်...f**k

[ မင်းသစ်တို့ကို စုဝေးခိုင်းတာက ,
7နာရီခွဲအတိ ခြံထဲအရောက် ၊ ယခုခွဲဖို့ 3minsသာလိုတော့သော်ငြားလည်း ရောက်ဖို့10minsလောက် ပြေးရအုံးမည့် အကွာအဝေးကြောင့် လမ်းတလျှောက် မိုးမွှန်အောင် ဆဲလာရင်း အိမ်ကနာရီအစုတ်ကို အိမ်ပြန်ရင် တစစီရိုက်ခွဲဖို့ အကြောင်းပြချက်ကခိုင်လုံသွားသည် ]

ခြံတခါးရှေ့လဲရောက်ရော ခြံတံခါးက ဖွင့်ထားတုန်းမို့ တော်ပါသေးရဲ့ဟု တွေးလိုက်မိပြီး..

** အမြန်ပင်ခြံထဲပြေးဝင်တော့ အဖြူရောင်စံအိမ်ကြီးရဲ့ အရှေ့က ကွင်းပြင်မှာ အခြားBodyGuardတွေ Roleတောင်စီတန်း၍
ပုံစံက အရူးတပိုင်းပြေးလာသော မင်းသစ်ကို လှည့်ကြည့်ဖို့မပြောနဲ့ အသက်တောင်ဝဝမရှူရသော အနေအထား **

< အဘယ့်ကြောင့်ဆိုသော် အားလုံးရဲ့အရှေ့တွင် ရပ်နေသော Sir ( Aiden )ရဲ့မျက်နှာက မဲမှောင်နေသောကြောင့်ပင် >

အခြေနေကို ရိပ်မိသော မင်းသစ်သည် ကိုယ့်နေရာကိုယ်သွားရပ်ကာ
ဝင်၍စီတန်းလိုက်သော်လဲ..

Aiden - <<မင်းကိုဘယ်သူက ဝင်ခိုင်းသေးလို့လဲ..>>

ထို ကျယ်လောင်သော စကားသံက ဘယ်သူ့ကိုပြောသလဲဆိုတာ မေးစရာပင်မလို.. မင်းသစ်လိုအရူးတောင် နားလည်သည် ။

Aiden - အရှေ့ထွက်ခဲ့...

ဒုက္ခပဲ... ပထမနေ့က နှာခေါင်းရိုးအက်တယ် ၊ ပြန်တောင်မကောင်းသေးဘူး ဘာထက်အက်အုံးမလဲ မသိဘူး ၊ 3လလဲပြည့်ရော ငါ့အသက်မျော့မျော့တောင် ကျန်ပါလိပ်အုံးမလား ။

မင်းသစ်စိတ်ထဲက ရသမျှဘုရားစာတွေဆိုကာ နောက်ဆုံးထွက်သက်ကောင်းအောင် လုပ်လိုက်သည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now