လွန်ခဲ့သော ငါးနှစ်က ယံ့အသက်သည် ဆယ့်ခုနစ်။ ဆယ့်ရှစ်ပြည့်ဖို့ တစ်နှစ်သာလိုတော့သဖြင့် သခင်က အကြီးစားမစ်ရှစ်တစ်ခုကို ယံ့အားစေခိုင်းခဲ့သည်။ ဂိုဏ်း​၏ စိတ်အချရဆုံး delivery man ဖြစ်သည့် ယံ့ကို သခင်က ပစ္စည်းတစ်ခု ပို့ခိုင်း​၏။ ထူးခြားတာက ထိုပစ္စည်းသည် မိန်းမပျိုလေးတစ်ဦးဖြစ်နေခြင်းပင်။

မစ်ရှင်ကို လက်ခံရချိန်တွင် ယံ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သခင် သူ့ကိုစစတွေ့ချင်းက ပြောဖူးသည့် ကုန်ကြမ်းဝယ်ပြီး ကုန်ချောပြန်ရောင်းသည့် အစီအစဉ်ဟာ ဒါပါလားဟု အဲဒီတော့မှ သဘောပေါက်ခဲ့သည်။ ဆိုတော့ ဒါသည် လူကုန်ကူးမှု။ သခင့် Main Business ။ ယခင်က သူ့ကိုခိုင်းခဲ့တာတွေသည် minor လေးတွေဖြစ်ကြောင်း အခုမှသဘောပေါက်တော့သည်။

သခင်သည် ယံ့ကို အပြည့်အဝ ယုံကြည်နေပြီ။ စိတ်ထဲက အလိုလိုပျော်သွား၍ မစ်ရှင်ကို တစ်ရာရာခိုင်နှုန်း တိကျသေချအောင် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားလိုက်​၏။

သို့သော် မိန်းမပျိုလေးအား မြင်လိုက်ရသောအချိန်တွင်မူ ယံသည် ခြေမကိုင်မိ လက်မကိုင်မိ။ ကောင်မလေးက အလွန်ဆုံးရှိမှ ဆယ့်ခြောက်နှစ်သာသာ။ ပါးစပ်ထဲ အဝတ်ဆို့လို့ လက်ပြန်ကြိုးတုပ်လျက် ဂါဝန်ဖြူဖြူလေးသာ ဝတ်ဆင်ထားပုံမှာ သနားဖွယ်အတိ။ ဖောင်းအစ်နေသည့် မျက်လုံးတွေက ထပ်ခါတလဲလဲ တောင်းပန်ရှာသည်။ "ကျွန်မကို သနားပါ။ ကျွန်မကို လွှတ်ပေးပါ" တဲ့။

ကောင်မလေးသည် underage ။ ယံကိုယ်တိုင်လည်း underage ။ လှိုက်ခနဲတက်လာသည့် ကိုယ်ချင်းစာစိတ်ကြောင့် ကြိုးထုံးကို ဖြေပေးမည်အလုပ် သခင့်မျက်နှာကြီးက ဘွားခနဲပေါ်လာသည်။ သို့ပေမယ့် ကောင်မလေး​၏ဘဝက...။ ယံ ခေါင်းကိုလှုပ်ယမ်းပစ်ပြီး ကောင်မလေးကို လွှတ်ပေးလိုက်​၏။ သခင် ခွင့်လွှတ်ပါစေ။

သို့ပေမယ့် သခင်သည် ယံ့ကို ခွင့်မလွှတ်ခဲ့ပါ။

သိသိချင်း ယံ့ကို မြေအောက်ခန်းဆွဲခေါ်ကာ သူကိုယ်တိုင် စစ်ဆေးမေးမြန်းတော့​၏။ ကြာပွတ်ကြိမ်ဒဏ်တွေကြား "ကောင်မလေးကို သနားလို့" ဟု တိုင်တည်တော့ သခင်က လှောင်လို့ရယ်သည်။

Blood of MINTahanan ng mga kuwento. Tumuklas ngayon