Part 09

2.1K 149 0
                                    

(unicode)
ကုတင်ပေါ်မှ ကျုံးရုန်းထကာ လက်လှမ်းမှီသည့် အဝတ်တစ်စုံအား အမြန်ကောက်စွပ်မိသည်။ အခြေအနေတွေသည် ထင်ထားတာထက် ပိုဆိုးနေပြီ။

cocaine နှင့်ရောသုံးသည့် သာမန် filler များ​ကို ဖယ်လိုက်လျှင် ကျန်သည့်ခပ်ဆန်းဆန်း အမျိုးများကို ယေဘုယျအားဖြင့် (၃)မျိုးခွဲနိုင်သည်။

(၁) more psychoactive - လူ့စိတ်ကို ပိုမိုတက်ကြွစေသော

(၂) poisonous - အဆိပ်ဖြစ်စေသော

(၃) anaesthetic - အာရုံခံစားမှုမဲ့စေသော သို့မဟုတ် ထုံထိုင်းစေသော

သွေး စပ်ပေးလိုက်သည့် caffeine သည် နံပါတ်၁ အမျိုးအစားထဲက ဖြစ်သော်လည်း အပြင်းစားကြီးမဟုတ်။ သို့ပေမယ့် အခုဟာသည် fentanyl ။

fentanyl ဆိုတာသည် အနာသက်သာစေဖို့ သုံးသည့် ခပ်ပြင်းပြင်းဆေးဝါးတစ်မျိုး။ သူ့ effect က morphine လို၊ အာရုံကြောတွေကို ထုံထိုင်းယစ်မူးစေပြီး နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းကို လျော့ကျစေသည်။

သို့ရာတွင် cocaine နှင့် စပ်သုံးပါက ultimate euphoria ပင်။ သူသည်လည်း caffeine လို နံပါတ်၁ အမျိုးအစားပေမယ့် ပမာဏများပါက သေစေနိုင်သည့်အထဲတွင်ပါသည်။ cocaine နှင့် fentanyl တွဲလုံးလေးက ဖောက်သည်တွေကြား စောက်ရမ်းနာမည်ကြီးသလောက် ဆေးလွန်ပြီး တန်းလျှောစေသည့်အထဲတွင် ထိပ်ဆုံးကပင်။

Junior James ရှူမိလိုက်သော ပမာဏက ဘယ်လောက်မှန်းမသိရပေမယ့် Min ပြောပုံအရ အရက်ပါ သောက်လိုက်သေးသည်ဆိုတော့ ဂန့်ဖို့ရာခိုင်နှုန်းက ဆောင့်တက်သွားပြီ။

ထားပါလေ။ Junior James ဟာ နဂိုတည်းက အရက်ကလေး တမျမျနှင့် ဆန်ကုန်မြေလေးမို့ သေသွားတော့လည်း အေးတာပါပဲ။ သူ ဘယ်လိုသေလဲက အရေးမကြီး။ ကြားထဲက သွေးပစ္စည်းကို ဖြတ်ခုတ်သွားသည့်အပိုင်းကတော့ အရေးကြီးသည်။

ဘယ်ကောင် လက်သရမ်းတာလဲ။ ဒါမှမဟူတ် ဘယ်သူနဲ့ ဘာရန်ငြိုးတွေ ရှိဖူးလို့လဲ။ အတတ်နိုင်ဆုံး မရှိအောင်နေပေမယ့် အမြင်မကြည်တဲ့လူကတော့ အမြဲတမ်းချောင်းနေမှာ မဟုတ်လား။ စဉ်းစားနေလျှင် ကြာပေသည်မို့ အလုပ်နှင့်ပဲ ရှေ့ဆက်တော့မည်။

Blood of MINWhere stories live. Discover now