Part(1)

1.8K 186 20
                                    

"ခွမ်း...ခွမ်း...ခလွမ်း"

ဒီအိမ်ကြီးထဲက ဆူညံသံ၊ ကျကွဲသံတွေ များနေပြီဆိုရင် အိမ်ကြီးရှင် သခင်လေး အလိုမကျမှုတွေ များနေပြီ ဆိုတာပါပဲ။

"သူတို့အကုန်လုံးကို အလုပ်ထုတ်လိုက် ဦးလေးဂျွန်း"

"ဟုတ်ကဲ့ပါ"

ဒါဟာ ခုနစ်နှစ်အတွင်း အကြိမ်ပေါင်း 700 လောက် အလုပ်ထုတ်ခြင်း ဖြစ်ပါလိမ့်မယ်။ အရင်တုန်းကတော့ သခင်လေးဟာ ဒီလို လူစားမဟုတ်ခဲ့ပါဘူး။ အရမ်းကို နူးညံ့ပြီး အေးဆေးလွန်းတဲ့သူပေါ့။

တစ်နေ့ထဲမှာပဲ မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့တယ်။
ဆွေမျိုးတွေရဲ့ တိုက်ခိုက်ခြင်း ခံရတယ်။
ပြီးတော့ အမြင်အာရုံပါ ဆုံးရှုံးခဲ့တယ်လေ။

ခုနစ်နှစ်ရှိခဲ့ပြီ။
သခင်လေးအတွက်တော့ အသစ်လိုပဲ အသားမကျသေးဘူးထင်ပါတယ်။

✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

"မင်ကလေး"

"မင်ကလေး
ထိခိုက်မိတာ ရှိလား"

"အင်း"

"ဦးလေး ဆေးထည့်ပေးမယ်လေ"

မတော်တဆ ဖြစ်ပြီး နောက်ပိုင်းမှာ သခင်လေးဟာ ဘယ်သူ့ကိုမှ မယုံကြည်တော့ဘူး။ ဘယ်သူ့ကိုမှလည်း အနားကပ်တာ မကြိုက်ဘူး။ အားလုံးကို သံသယနဲ့။ အမြင်အာရုံ ဆုံးရှုံးပြီးတာတောင် သူ့ကို တစ်ယောက်မှ ပြန်ကြည့်တာကို မကြိုက်ဘူးတဲ့လေ။ သူ ယုံကြည်ရတာ ဦးလေးဂျွန်း တစ်ယောက်ပဲ ရှိပါတယ်။

ဖန်ကွဲ‌ရှရာတွေကို ဆေးထည့်ပေးတော့ သူမဟုတ်သလို ငြိမ်သက်နေပြန်တယ်။ သခင်လေး ဒေါသကြီးပုံမျိုးနဲ့ မလွယ်ဘူးပဲ။

"မင်ကလေး
အလုပ်သမား ရှာရတာ မလွယ်ဘူးနော်"

"ဦးလေးဂျွန်း ရှိနေတာပဲ"

တကယ်ပဲ သခင်လေးဟာ သူ့အနားမှာ ဘယ်လောက်ကြာကြာနေနိုင်မယ် ထင်နေခဲ့တာလဲ။

☄️☄️☄️☄️☄️☄️☄️☄️☄️☄️☄️☄️☄️☄️☄️☄️

"ဒီတစ်ခါ Maid ငှားရင် ကျနော်ကိုယ်တိုင် ရွေးမယ်"

"သခင်လေးမှာ ရွေးချယ်စရာ အများကြီး ရှိမယ်ထင်လို့လား"

"လစာကို နောက်ထပ် သုံးဆ မြှင့်လိုက်ပါ ဦးလေးဂျွန်း

Blind(YoonMin)-Completedحيث تعيش القصص. اكتشف الآن