12

9.4K 517 82
                                    


Unicode
********

"မဖြစ်နိုင်ဘူး အဖေ၊ ကျွန်တော်သူ့လို ယောင်္ကျားမဟုတ် ၊မိန်းမမဟုတ်ကို မယူနိုင်ဘူး..."

"ကိုနေ...."

နေသူရိန်လက်ကို ဆွဲထားတဲ့ စေတမာန်ရဲ့ လက်တွေက ပြေလျော့သွားသည်။

"ကိုနေ ဘယ်လို‌အကြောင်းအမျိုးမျိုးနဲ့ ဖြစ်ဖြစ် ငြင်းတာကို လက်ခံနိုင်ပေမယ့် အဲ့ဒါကြောင့်တဲ့လား .၊ မလွန်လွန်းဘူးလား ၊‌စေစေက မွေးရာပါ ဒီခန္နာကိုယ်ကို ရခဲ့တာလေ ၊ စေစေရွေးချယ်ခွင့် ရခဲ့တာမှ မဟုတ်ဘဲ.."

"Sorry..., မင်းကို ငါလုံးဝစိတ်မဝင်စားသလို မင်းလို ဟိုမကျဒီမကျ လူတစ်ယောက်ကိုလည်း မယူနိုင်ဘူး..."

"ဟဟ ၊ကိုနေက ရီရတယ်နော်၊ စေစေ့လို ဟိုမရောက် ဒီမရောက်ကိုတော့ မယူနိုင်ဘူးဆိုပြီး ယောင်္ကျားလေူတစ်ယောက်ကိုတော့ ရှယ်‌ေထာက်ပံ့နိုင်တယ်နော်...ဘာတဲ့ အဲ့ကလေးနာမည် လရောင်ဆိုလား..."

"မင်း!!!!!"

"တော်စမ်း နေသူရိန်၊ မင်းကိုယ်တိုင် ယောင်္ကျားတစ်ယောက်နဲ့ ကြိုက်နေပြီးတော့ စေစေ့ဖြစ်တည်မှုကိုတော့ မင်းက ကဲ့ရဲ့ရဲတယ်ပေါ့...၊ မင်း ဟိုလရောင်ဆိုတဲ့ ကလေးအပေါ် ထောက်ပံ့နေတယ်မလား၊ အေး ငါမတားဘူး ၊မင်းပွေတတ်ရှုပ်တတ်တာကို ငါနားလည်ပေးတယ်၊ မင်းဘယ်သူနဲ့ အိပ်အိပ် ကိုယ်ဝန်မရရင် ပြီးတာပဲ၊ အေးဒါပေမယ့် မင်းလက်ထပ်ရမယ့်သူက စေတမာန်ပဲ ဖြစ်ရမယ်၊ မင်းရဲ့ လက်တွဲဖော်က မင်းရဲ့ လုပ်ငန်းကို အထောက်ပံ့ပေးနိုင်တဲ့သူ ဖြစ်ရမယ် ၊ ဘာမှမသိတတ်တဲ့ ဟိုလရောင်ဆိုတဲ့ ကျောင်းသားတော့ မဟုတ်ဘူး...၊ မင်းကို စဉ်းစားဖို့ အချိန် တစ်ပတ်ပေးမယ်...၊ကောင်းကောင်းစဉ်းစား ၊ဒီတစ်ပတ်အတွင်း မင်းကို အပြင်ထွက်ခွင့် ပိတ်တယ်၊ ကုမ္ပဏီကနေ ဘယ်မှ မသွားစေနဲ့....စေတမာန် သူ့ကို အနားကနေ လိုတာ ကူပေးလိုက်..."

"ဟုတ်ကဲ့ ဖေဖေ"

နေသူရိန် သူ့ကို အမိန့်ပေးပြီး ထွက်သွားတဲ့ အဖေကိုကြည့်ပြီး စိတ်ရှုပ်စွာ ထိုင်ခုံမှာ ထိုင်ချလိုက်သည်။

"ကိုနေ..."

"မင်း ပါးစပ်ပိတ်ထား"

"ကိုနေ စိတ်တိုနေလည်း အလကားပဲနော် ၊စေစေမသွားခင်ထဲက ပြောခဲ့တယ် ၊စေစေပြန်လာရင် ကိုနေကို လက်ထပ်မှာလို့ မေ့သွားတာလား..."

My Lovely Night Bird Boy (Completed)Where stories live. Discover now